မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာ အရှေ့ပိုင်းတွင် ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁၁) နာရီ အချိန်က မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ် (၅) လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်စဉ်မှာ ကော့သပ်ကျေးရွာ အရှေ့ပိုင်းနေ ဒေါ်မရာ အသက် (၇၁) နှစ် (ဘ) ဦးမောင်ယုတ် နေအိမ်တွင် လျှပ်စစ်ဒယ်အိုးဖြင့် ဟင်းချက်ထားရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ်အိမ် အဆောက်အဦး (၅) လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာန ရုံးထံမှ သိရသည်။အဆိုပါ မီးလောင်မှုအား မီးသတ်ယာဉ် (၁၃) ဦး၊ သန္ဓေ (၃၅) ဦး၊ အရန် (၅၀) ဦးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးလုံးဝ ငြိမ်းခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် အိမ်ထောင်စု (၅) စုမှ (၃၁) ဦး မီးဘေးသင့်ခဲ့ပြီး နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် နေထိုင်လျှက်ရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးလောင်မှု စတင်ဖြစ်ပွားရာ အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်အရာ၊ အသက် (၇၁) နှစ်၊ (ဘ) ဦးမောင်ယှတ်အား ကျိုက်မရောမြို့မရဲစခန်းမှ (ပ) ၆၃/၂၀၁၆/၂၈၅ ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သတင်းရရှိသည်။
ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ် (၅) လုံး မီးလောင်ဆုံးရှုံး