၅၆ လတာအတွင်း ကားစီးရေ ၅၅၂၀၀၀ ကျော် တင်သွင်းခဲ့ပြီး အခွန် စုစုပေါင်း ကျပ် ၁၄၅၀ ဘီလျံကျော် ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် စတင်ခဲ့သည့် မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို အခွန်စည်းကြပ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်အထိ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ စုစုပေါင်း ၅၅၂၈၃၁ စီးဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်များ တင်သွင်းမှုမှ နိုင်ငံတော် အခွန်ဘဏ္ဍာငွေ အဖြစ် အကောက်ခွန် (CD) ကျပ် ၇၈၂၉၀၀ ဒသမ ၂၉ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် (CT) ၆၆၇၉၅၅ ဒသမ ၀၃ သန်း၊ စုစုပေါင်း ကျပ် ၁၄၅၀၈၅၅ ဒသမ ၃၁ သန်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ကျသင့် အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံခဲ့သည့် မော်တော်ယာဉ်များအနက် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၁၃၈၄၉၈ စီး၊ ကားအရောင်းပြခန်းများ အတွက် ၁၂၄၃၁၁ စီး၊ သင်္ဘောသား ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်ဖြင့် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် ၇၃၀ စီး၊ ပြည်ပနေ အလုပ်လုပ်ကိုင်သူများ ပါမစ်ဖြင့် ၄၃ စီး၊ ဟိုတယ်/ခရီး ဝန်ကြီးဌာန ပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် ၁၀၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် ၂၈၄၀၄၀ စီး ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လကုန်အထိ တရားဝင် မှတ်ပုံတင်ထားသော မော်တော်ကားစီးရေ ၇၇၂၇၈၈ စီး၊ မော်တော်ဆိုင်ကယ် ၄၅၃၆၅၇၀ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးရှိပြီး ကညနတွင် မှတ်ပုံတင်ပြီးမှသာ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိခြင်းဖြစ်ကြောင်း သိရသည်။
၅၆ လအတွင်း ကားစီးရေ ၅၅၂၀၀၀ ကျော် တင်သွင်းခဲ့ပြီး အခွန်ကောက်ခံမှု စုစုပေါင်း ကျပ် ၁၄၅၀ ဘီလျံကျော် ရရှိ