ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာချက်ထုတ်ပြန်
Published 26 May 2016
ငြိမ်းဇော်လင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက မေ ၂၅ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
ထိုသို့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်  ဦးထင်ကျော် (နိုင်ငံတော်သမ္မတ)၊ ဦးမြင့်ဆွေ (ဒုတိယသမ္မတ)၊ ဦးဟင်နရီဗန်ထီးယူ (ဒုတိယသမ္မတ)၊ ဒေါ်အောင်ဆန်းစုကြည် (ပြည်ထောင်စုဝန် ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ (ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးကျော်တင့်ဆွေ (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ ဒေါက်တာဖေမြင့် (ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)၊ သူရဦးအောင်ကို (ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဒေါက်တာအောင်သူ (ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးသန့်စင်မောင် (ပြည်ထောင်စုဝန်ကြီး၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးအုန်းဝင်း (ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)၊ ဦးဖေဇင်ထွန်း (ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးခင်မောင်ချို (ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)၊ ဒေါက်တာသန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာ မျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာ မြင့်ထွေး (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)၊ ဦးကျော်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးဝင်းခိုင် (ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမောင် (ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)၊ နိုင်သက်လွင် (ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)၊ ဦးထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး)တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်သည် ရာထူးအလျောက် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
 
 

Most Read

Most Recent