သင်္ဃန်းကျွန်းမြို့နယ်တွင် အလောင်း စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူက ချုပ်ချယ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရာမှ ဓား၊ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းဆီးခံထားရသူက ထွက်ဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်ထံမှ သိရသည်။“ကျွန်တော်တို့ အနေနဲ့ သေဆုံးသူရဲ့ နေရပ်လိပ်စာကို အရင် အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ဆက်လက်စုံစမ်းမှုတွေ လုပ်ပါတယ်။ သေဆုံးသူရဲ့ အိမ်ကို သွားပြီး စစ်ဆေးတဲ့ အချိန်မှာ သူနဲ့အတူ နေတယ်ဆိုတဲ့ သူ့တပည့်ကို မတွေ့ရဘူး။ သေဆုံးသူရဲ့ တပည့်ကို ကျွန်တော်တို့ အနေနဲ့ အခင်းဖြစ်ပွားတဲ့ ရက်မှာပဲ ဖမ်းဆီးရမိပြီး ခေါ်ယူ စစ်ဆေးတဲ့ အခါမှာ အစ သူက ငြင်းပါတယ်။ နောက်တော့ ကျွန်တော်တို့ အနေနဲ့ တိကျ သေချာတဲ့ သက်သေတွေကို ရရှိတဲ့ အချိန်မှာတော့ သူဝန်ခံခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူရဲ့ လက်နဲ့ဒူးမှာလည်း လတ်တလော ရရှိတဲ့ ဒဏ်ရာတွေကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချူပ် ဝင်းနိုင်က မေ ၂၁ ရက်တွင် ပြောကြားသည်။ထို့ပြင် ကျူးလွန်သူမှာ မိဘများ အပ်နှံမှုဖြင့် သေဆုံးသူထံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်ခန့် မြေပုံမြို့မှ ဘာသာရေး သင်ကြားပေးရန် ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် မေ ၁၉ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့် စုပေါင်း ကားမှတ်တိုင် အနီးရှိ ကွမ်းယာဆိုင် တစ်ဆိုင်နှင့် ထမင်းကြော်ဆိုင် တစ်ဆိုင်ကြား၌ အမျိုးသား တစ်ဦး၏ အလောင်းအား ပီနန်အိတ်ဖြင့် ထုပ်ကာ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်တွင် ၎င်းအား ချုပ်ချယ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရာမှ ဓား၊ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီး ခံထားရသူက ထွက်ဆို