ကမာရွတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ၈ လွှာတိုက်ခန်းမှာ ပြုတ်ကျ ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူ

ကမာရွတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ၈ လွှာတိုက်ခန်းမှာ ပြုတ်ကျ ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူ
Published 15 April 2016

ကမာရွတ်မြို့နယ် (၈) ရက်ကွက် အတွင်း၌ ၈ လွှာအမြင့်ရှိ တိုက်ခန်းပေါ်မှာ အမျိုးသားတစ်ဦး ပြုတ်ကျမှု ဧပြီ ၁၄ ရက်၊ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။အဆိုပါ ပြုတ်ကျသောသူသည် အခင်းဖြစ်ပွားချိန်တွင် အရက်သောက်သုံးထားမှုရှိပြီး ၈ လွှာတိုက်ခန်းမှ အောက်သို့ပြုတ်ကျစဉ် ဓာတ်ကြိုးနှင့်ငြိပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းဖြစ်ကြောင်း ကမာရွတ် ရဲစခန်း၏ ညပိုင်းတာဝန်ကျ ရဲအရာရှိက ဆိုသည်။“အပေါ်ကနေ အောက်ကို ငုံ့ကြည့်တာကနေ ပြုတ်ကျတာလို့ သိရတယ်။ ၈ လွှာကအကျမှာ ဓာတ်ကြိုးနဲ့ငြိတယ်။ သူ့ရဲ့ဗိုက်မှာ ဒဏ်ရာရထားရှိလို့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။တိုက်ပေါ်မှ ပြုတ်ကျသည့် အမျိုးသား၏ အမည်မှာ မြင့်မြတ်အောင် အသက် (၂၁) နှစ်ဆိုသူဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရသည်။