ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ကျူးလွန်သူများကို အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး တရားလိုအား စတင်စစ်ဆေး

ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ကျူးလွန်သူများကို အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး တရားလိုအား စတင်စစ်ဆေး
Published 5 April 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်တို့မှ  စံချိန်တင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်များမှ ကျူးလွန်သူများကို ဧပြီ ၄ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်သိန်းအား စစ်ဆေးခဲ့ပြီး ရုံးချိန်းအား ဧပြီ ၈ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“ဒီနေ့က အမှုနှင့်ပတ်သက်ပြီး တရားလိုကို စပြီး စစ်ဆေးတယ်။ စစ်ဆေးတာတော့ မပြီးသေးဘူး။ ရုံးပြန်ချိန်းလိုက်တယ် နောက်ရုံးချိန်းမှာ ထပ်စစ်ဆေးမှာပါ”ဟု မှုခင်းတပ်ဖွဲ့ (CID) မှ အမှုစစ်ရဲအရာရှိတစ်ဦးက ဧပြီ ၄ ရက်တွင် ပြောကြားသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ် နှင့် ဒဂုံအရှေ့မြို့နယ်ဖြစ်စဉ် နှစ်ခုတို့မှ စံချိန်တင် စိတ်ကြွဆေးပြားအမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူများမှာ ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်)  ချိုချိုဝင်း၊  မဝင်းငြိမ်းခိုင်၊ ထွန်းဇော်ဌေး၊ ထွန်းမင်း၊ အောင်တင်ဝင်း၊ သိန်းထွန်းအေးတို့ ၁၁ ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးတို့အား မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားရန်အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ၂၀ (က) /၂၁ ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent