၂၀၁၄ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ကန်ပိန်းပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်အပါအဝင် လေးဦးအား ပုဒ်မ ၁၈ ဖြင့် သန်လျင်မြို့နယ် တရားရုံးတွင် မတ်၂၄ ရက် နံနက်ပိုင်းက ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လှုပ်ရှားမှုပြုလုပ်မှုကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့သို့ ပြုလုပ်ခဲ့မှုအတွက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်အပါအဝင် ကိုရဲမင်းဦး၊ မပိုပို၊ မအိပုံတို့လေးဦးအား သန်လျင်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အမှုကတော့ မစစ်ဖြစ်ဘူး။ ရုံးချိန်းကို ဧပြီ ၇ ရက်ကို ချိန်းဆိုထားတာ။ အမှုက ဆွဲထားတာကြာပြီ။ တရားသူကြီးက ထောင်ထုတ်မိန့်ကို သာယာဝတီကို ပို့ပေးဖို့ ကြာနေတာကြောင့် ရုံးမထုတ်ဖြစ်ခဲ့ဘူး။ လာမယ့် ရုံးချိန်းမှာတော့ ရှေ့နေ့ပါဝါ ရုပ်သိမ်းသွားမှာပါ။ အမှုရင်ဆိုင်မှာမဟုတ်ဘဲ သပိတ်မှောက်သွားမှာပါ” ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။
ယင်းသို့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကန်ပိန်းပြုလုပ်ရာတွင် ဗကသများအဖွဲ့မှ ကျောင်းသားကျောင်းသူများမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်များနှင့် လက်ရှိအမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်သည့် အချက်များကို ရန်ကုန်မြို့အရှေ့ပိုင်း တက္ကသိုလ်အတွင်း ယင်းတက္ကသိုလ်ရှိ ကျောင်းသားများ သိရှိနားလည်စေရန်အတွက် ရေးဆွဲထားသော ရုပ်ပြောင်ကာတွန်းများ ဖြန့်ဝေခြင်း၊ လက်ရှိအမျိုးသားပညာရေး ဥပဒေကို သရော်ထားသည့် သရော်စာများ ရေးထားသည့်စာရွက်တွေကို ကျောကုန်းတွင်ကပ်၊ လက်တွင်ကိုင်ကာ ကျောင်းဝင်းထဲတွင် လမ်းလျှောက် ပြသခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ပြုလုပ်ပြီးနောက် ဗကသများအဖွဲ့မှ ကျောင်းသားကျောင်းသူများမှာ ကျောင်းခြံဝင်း အပြင်ဘက်သို့ ထွက်ပြီးနောက် ကျောင်းမှ တာဝန်ရှိသူများက ကျောင်းဝင်းတံခါးပေါက်အား ပိတ်လိုက်ကြောင်း သိရသည်။
ထို့နောက် ဗကသများအဖွဲ့မှ ကျောင်းသားကျောင်းသူများသည် ကျောင်းဝင်းအပြင်ဘက်အနီးရှိ ကျောင်းသားကျောင်းသူများ၏ အဆောင်ရှိရာ နေရာများသို့ ဗကသများအဖွဲ့ ချုပ် အလံများ လွှင့်ထူကာ လမ်းလျှောက် လှည့်လည်မှုများ ပြုလုပ်ပြီး ကန်ပိန်းပြုလုပ်ခြင်းကို ရပ်နားခဲ့ကြောင်း သိရသည်။
သန်လျင်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခံထားရသည့် ဗကသ ကျောင်းသားကျောင်းသူ သုံးဦးအနက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်မှာ ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် သပိတ်စခန်းဖွင့်၍ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် အခြား ဗကသ ကျောင်းသားခေါင်းဆောင်များ၊ ဗကသ အဖွဲ့ဝင်ကျောင်းသား ကျောင်းသူများနှင့်အတူ ဆန္ဒပြတောင်းဆို မှုကြောင့် သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံရပြီး အမှုရင်ဆိုင်နေရသည်။
ထို့ပြင် ကျောင်းသူ မပိုပိုမှာလည်း ကမာရွတ်မြို့နယ်အတွင်း ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်က လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ် အကြမ်းဖက်ခံရမှုကို ရှုတ်ချသည့်အနေဖြင့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ခေါင်းဆောင်များ၊ အခြားကျောင်းသား ကျောင်းသူများနှင့်အတူ လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် ကမာရွတ်မြို့ နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေသူ ဖြစ်သည်။
၂၀၁၄ ခုနှစ်က အရှေ့ပိုင်းတက္ကသိုလ်၌ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့၍ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် လေးဦးအား ပုဒ်မ ၁၈ ဖြင့် သန်လျင်မြို့နယ် တရားရုံး၌ ရုံးထုတ်










