ကျောက်တန်းမြို့နယ်မှ အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ်က တရားလိုပြု တရားစွဲဆိုထားသော အမှု ၁၆ မှုအနက် ရှစ်မှုအား စစ်ဆေးရန် ဖေဖော် ဝါရီ ၂၉ ရက်က ကျောက်တန်းမြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။ယင်းနေ့တွင် မင်္ဂလွန်းကျေးရွာမှ ကျောင်းဆရာ/ဆရာမများဖြစ်ကြသည့် မဲရုံးမှူး ဦးဉာဏ်ဝင်းနှင့် ဒုမဲရုံးမှူး ဒေါ်မြမြမူ အမှုမှာ ကျောင်းစာမေးပွဲများ ရှိနေသည့်အတွက် ကျောက်တန်းမြို့နယ် တရားရုံးသို့ခွင့်တင်ခဲ့ပြီး အဆိုပါအမှုအား မတ် ၁၄ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ယင်နေ့ ရုံးချိန်းတွင် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ရွေးကောက်ပွဲဥပဒေဖြင့် ဆွဲထားသည့် အမှုများအနက် ရှစ်မှုအား တရားလိုပြသက်သေများကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမည်ဖြစ်သော်လည်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါကူညီ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက အမျိုးသားလွှတ်တော်သို့ တက်နေရခြင်းကြောင့် လည်းကောင်း၊ အထက်တန်းရှေ့နေ ဦးပြုံးချိုမှာ နေမကောင်းသဖြင့် လည်းကောင်း၊ အထက်တန်းရှေ့နေ ဦးသန်းထက်ဦးမှာ ဒုလ္လဘရဟန်း ဝတ်နေသောကြောင့် လည်းကောင်း၊ တရားရုံးသို့ ခွင့်တင်ခဲ့ပြီး ကျောက်တန်းမြို့နယ်တရားသူကြီးက အဆိုပါ အမှုများအတွက် ရုံးချိန်းအား မတ် ၁၄ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။လာမည့် မတ် ၇ ရက် ယင်းနေ့ရုံးချိန်းတွင် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှုဖြင့် တရားစွဲဆိုထားသည့်အမှုမှ တရားလိုဖြစ်သူ ဦးမျိုးချစ်သည် တရားရုံး၌ မမှန်မကန် ထွက်ဆိုခဲ့သည်ဟုဆိုကာ ပြစ်မှုဆိုင်ရာပုဒ်မ ၁၉၃ အရ အရေးယူပေးရန်ကိစ္စ အရေးယူသင့် မယူသင့် အမိန့်ချမည်ဖြစ်ပြီး၊ ညောင်ဝိုင်းကျေးရွာ မဲရုံ (၁) မှ ဒုမဲရုံမှူး ဒေါ်မြမြအေးအား ဦးမျိုးချစ်က မှားယွင်းတရားစွဲဆိုမိသည့်အတွက် အမှုရုပ်သိမ်းပေးပါရန် လျှောက်ထားသောအမှုကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဦးအုန်းမြင့် ကိုယ်စားလှယ်မှ တရားစွဲဆိုထားသော အမှုများအနက် ရှစ်မှုအား စွပ်စွဲခံရသူများ၏ ရှေ့နေများ ရှောင်တခင်ခွင့်တင်သဖြင့် ရုံးချိန်းပြန်လည် ချိန်းဆို