ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မျှဝေရှင်းလင်းခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မျှဝေရှင်းလင်းခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်
Published 18 February 2016

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မျှဝေရှင်းလင်းခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ ယုဒဿန် ခန်းမ၌ ပြုလုပ်ခဲ့ရာ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ခဲ့သူများက ညီလာခံတွင် ဆွေးနွေးခဲ့မှု အခြေအနေများနှင့် လူငယ်များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့ ပါဝင်ပတ်သက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးသည်။ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၌ ကျင်းပခဲ့ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများ စသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ဆုံးဖြတ်ခြင်း မပြုဘဲ ဆွေးနွေးချက်များ စုစည်းကာ လက်ရှိ အစိုးရမှ နောင် အစိုးရသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ငြိမ်းချမ်းရေးအတွက် ဆင်ခြင်တုံတရားနှင့် ဆွေးနွေးနိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ရန် လိုကြောင်း၊ ပြည်သူလူထု၏ အသံ ပါဝင်ရန် လိုအပ်ကြောင်း သို့မဟုတ်ပါက ငြိမ်းချမ်းရေး စကားစစ်ထိုးပွဲသာ ဖြစ်နေမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက အခမ်းအနားတွင် ပြောကြားသည်။

Most Read

Most Recent