ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကိုလည်း အဖွဲ့ဝင်အဖြစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က တာဝန်ပေး ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မရှင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရမည်းသင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်အား ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၂၃ ဦးဖြင့် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းအတည်ပြုခဲ့သည်။
အဆိုပါ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကိုကိုနိုင် ရမည်းသင်း မဲဆန္ဒနယ်၊ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ထွန်း (တွဲဖက်စစ်ထောက်ချုပ် ငြိမ်း)၊ ဦးကျင်ဖေ (ညွှန်ကြားရေးမှူး ငြိမ်း၊ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဦးဇော်မြင့်ဖေ (ဒုတိယညွှန်ကြားရေးမှူးချုပ် ငြိမ်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး)၊ ဦးမောင်တိုး (ဦးဆောင်ညွှန်ကြားရေးမှူး ငြိမ်း၊ မြန်မာ့ပုလဲလုပ်ငန်း)၊ ဦးကြည်သာ (ဦးဆောင်ညွှန်ကြားရေးမှူး ငြိမ်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း)၊ ဦးအေးမောက် (ဦးဆောင်ညွှန်ကြားရေးမှူး ငြိမ်း၊ စက်မှု (၁) ဝန်ကြီးဌာန)၊ ဦးသိန်းလွင် (ဦးဆောင်ညွှန်ကြားရေးမှူး ငြိမ်း၊ မြန်မာ့ရေနံဓာတုလုပ်ငန်း)၊ ဦးတင်မောင်ဦး (ဗိုလ်မှူးကြီး ငြိမ်း)၊ ဦးဝင်းသန်း (ဒုတိယညွှန်ကြားရေးမှူး ငြိမ်း၊ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန)၊ ဦးစောလှထွန်း (ကုမ္ပဏီဥက္ကဋ္ဌ)၊ ဒေါက်တာစိုးမိုးအောင် (ဒုတိယဦးစီးမှူး ငြိမ်း၊ တိမွေးကု ဦးစီးဌာန)၊ ဦးစိုးရယ် (လက်ထောက်ညွှန်ကြားရေးမှူး ငြိမ်း၊ သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်မောင်တင် (သံအမတ်ကြီးငြိမ်း)၊ ဦးတင်ဝင်း (ညွှန်ကြားရေးမှူးငြိမ်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်)၊ ဦးအောင်မြင်ထွန်း (တွဲဖက် ပြည်နယ်ဥပဒေ အရာရှိ ငြိမ်း၊ ရှမ်းပြည်နယ်)၊ ဒေါ်သန်းသန်းရီ (ဒုတိယညွှန်ကြားရေးမှူး ငြိမ်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဦးကျော်စန်း (တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ငြိမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဦးအေးဟန် (ညွှန်ကြားရေးမှူးငြိမ်း၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဦးအောင်မြင် (ညွှန်ကြားရေးမှူးငြိမ်း၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဦးစံရွှေအောင် (အမြဲတမ်းအတွင်းဝန် ငြိမ်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊ ဦးခင်မောင်ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ် ငြိမ်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး) တို့ကို တာဝန်ပေးအပ်ခဲ့သည်။
သူရဦးရွှေမန်းအား ကော်မရှင်ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ဒါက တော်တော်လေးကောင်းပါတယ်။ ကျွန်တော့်အမြင် ပြောရရင် လွှတ်တော်ကြီးကို ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ အရင်တုန်းကလည်း ဒီကော်မရှင်က ကျွန်တော်တို့ လွှတ်တော်ကြီးကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ကော်မတီမှာ တကယ့်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပံ့ပိုးခဲ့ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ ရှေ့ဆက် ကောင်းကောင်းအလုပ်လုပ်မယ်ဆိုရင် တကယ်ကျွမ်းကျင်ပြီးသား လူ၊ အတွေ့အကြုံရှိတဲ့ လူ၊ အလုပ်လုပ်ခဲ့ ပြီးသား လူတွေက ကော်မတီတစ်ခုချင်းမှာ ပူးပေါင်း ပါဝင် အကြံပေးနိုင်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ဆောင်ရွက် သွားနိုင်လိမ့်မယ်”ဟု ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် အဆိုပါကော်မရှင်သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းမှာ စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သော်လည်း ကော်မရှင်၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေအရ လိုအပ်ပါက သက်တမ်းတိုးနိုင်ပြီး လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ကော်မရှင်၏ သက်တမ်းအတွင်း အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်ကြောင်း ပြောကြားသည်။
ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ တည်ဆဲဥပဒေများကို လေ့လာ ဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း၊ အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ယင်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာသုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်၊ လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲေ၀ သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ် တောင်းခံသည့်အခါ အကြံဉာဏ် ပေးရမည်ဖြစ်ကြောင်း၊ ကော်မရှင်သည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိကြောင်းနှင့် ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ် မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါကော်မရှင်၏ ရပိုင်ခွင့်နှင့်အခွင့်အရေးမှာ ကော်မရှင် အဖွဲ့ဝင်များသည် လစဉ် ချီးမြှင့်ငွေ ခြောက်သိန်း တာဝန်အရ ခရီးသွားလာခြင်းအတွက် အခမဲ့ တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်း မရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၅၀၀၀ နှင့် အခြားအသုံးစရိတ်ကျပ် ၅၀၀၀၊ တာဝန်အရ ခရီးသွားလာရခြင်းအတွက် စားသောက်စရိတ်ကို တစ်နေ့လျှင် ကျပ်တစ်သောင်း ခံစားခွင့်ရှိပြီး ထို့အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိကြောင်း သိရသည်။ ကော်မရှင် အဖွဲ့ဝင်များသည် အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲ အခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်တိုးက“အခုလို တိုင်းပြည်တာဝန်ကို ဆက်ပြီး ထမ်းဆောင်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ပြည်သူ့လွှတ်တော်က အမတ်ဟောင်း ၁၀ ယောက်ပါတယ်”ဟု မီဒီယာများကို ပြောကြားသည်။
“ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းမှာ ကျွန်တော်တို့ အမြဲတမ်းကော်မတီ လေးခုနဲ့ လိုအပ်ချက်အရ သီးခြားထပ်မံ ဖွဲ့စည်းထားတဲ့ ကော်မတီ ၁၉ ခု၊ စုစုပေါင်း ကော်မတီအားလုံး ၂၃ ခုဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီ ၂၃ ခုကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ပဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီကော်မတီ ၂၃ ခုရဲ့ ဥပဒေပြုရေးနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သော ပြင်ပမှ အတွေ့အကြုံ ရင့်ကျက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာရှင်များ ပါဝင်တဲ့ ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်ဟာ ဆိုလို့ရှိရင် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလအတွင်း ဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက တာဝန်ယူခဲ့ပြီး အဖွဲ့ဝင် ၆၂ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
သူရဦးရွှေမန်းအား ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ပါရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကမ်းလှမ်းမှုအပေါ် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ကျရာနေရာမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မူလ ရည်ရွယ်ချက်ထားရှိသည့်အတိုင်း ကော်မရှင်ဥက္ကဋ္ဌတာဝန်အား လစာငွေ ရယူခြင်း မပြုဘဲ လက်ခံ ဆောင်ရွက်ပါမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြန်ကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးမှုအား လက်ခံရယူပြီးနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ကော်မရှင်၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား လွှတ်တော်ဝင်းအတွင်းရှိ I-1 အဆောက်အအုံတွင် ပြုလုပ်ခဲ့ရာ သူရဦးရွှေမန်း တက်ရောက်ခဲ့သည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းအား တာဝန်ပေး















