မရမ်းကုန်းမြို့နယ်တွင် လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ကာ ကားပစ္စည်း အရောင်းဆိုင်အတွင်း ဝင်ရောက်ဖျက်ဆီးမှု ဖြစ်ပွား

မရမ်းကုန်းမြို့နယ်တွင် လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ကာ ကားပစ္စည်း အရောင်းဆိုင်အတွင်း ဝင်ရောက်ဖျက်ဆီးမှု ဖြစ်ပွား
Published 5 February 2016

မရမ်းကုန်းမြို့နယ်တွင် လူတစ်စုမှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ကားပစ္စည်း အရောင်းဆိုင် အတွင်းသို့  ဝင်ရောက်ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ စုံစမ်းသိရသည်။ဖေဖော်ဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် ဦးအောင်နိုင် (ခ) ရဝီး (၄၄ နှစ်) သည် နေအိမ်၌ရှိနေစဉ် မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ နဝဒေး (၂) လမ်းတွင် ၎င်းဖွင့်လှစ်ထားသည့် ရဝီးဘရားသား ကားအပိုပစ္စည်း အရောင်းဆိုင် အတွင်းသို့ လှထွန်းအောင်၊ ရဲထွန်းအောင်နှင့် ကျန်အမည်မသိ လူလေးဦးခန့်သည် တုတ်၊ ဓား၊ သံပိုက်များ ကိုင်ဆောင်၍ ဆိုင်ရုံးခန်း အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ဆိုင်ရှိဝန်ထမ်းနှစ်ဦးအား “မင်းဆရာ ရဝီး ဘယ်မှာလဲ” ဟုမေး၍ ညစ်ညမ်းစွာဆဲဆိုကာ ဆိုင်ရှိတီဗွီနှင့် ရုံးခန်းအတွင်းရှိ ပစ္စည်းများ ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဆိုင်ဝန်ထမ်းနှစ်ဦးအား “မင်းဆရာ ရဝီးကိုပြောလိုက် ကိုကိုလတ်လိုဘ၀ ရောက်ချင်လား၊ ဒါနမူနာပဲ ရှိသေးတယ်” ဟု ဆဲဆိုကြိမ်းမောင်းသွားကြောင်း ဆိုင်မှဝန်ထမ်းဖြစ်သူက ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဆိုင်အတွင်း ပျက်စီးနေသည်ကို တွေ့ရှိရ၍ ၎င်း၏ဆိုင်အတွင်းသို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် လှထွန်းအောင်၊ ရဲထွန်းအောင်နှင့် အခြားအမည်မသိ လေးဦးအား အရေးယူပေးရန် ဖေဖော်ဝါရီ ၄ ရက်တွင် ဘုရင့်နောင်နယ်မြေ ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။“ဖြစ်သွားတဲ့ နေရာကိုတော့ စစ်ဆေးနေပါတယ်။ ကျူးလွန်သွားတဲ့ သူတွေကိုလည်း အမြန်ဆုံးဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ (ပ)၁၀၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၄၅၂/၂၉၄/ ၄၂၇/ ၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent