အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခံထားရသည့် ကိုမင်းသွေးသစ်၊ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခံထားရသည့် ကိုမင်းသွေးသစ်၊ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို
Published 5 February 2016
ဝေလင်းအောင်၊ မြင့်သူ

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုဖြင့် သာယာဝတီတရားရုံး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးအသီးသီးတွင် တရားစွဲဆို ခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းသွေးသစ်၊ ကို ကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ဖေဖော်ဝါရီ  ၄ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း သိရသည်။၎င်းတို့မှာ  ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းပြုလုပ်ခဲ့သည့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြတောင်းဆိုရာတွင် ကမာရွတ်မြို့နယ် အတွင်းရှိ ရန်ကုန်တက္ကသိုလ်အရှေ့နှင့် အင်းလျားကန်ပေါင်၌ လမ်းလျှောက်ဖြတ်သန်းရာတွင် ပါဝင်ခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းများမှ တရားဝင်ခွင့် ပြုမိန့်မတောင်းခံခဲ့သဖြင့် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနေ့တွင် ကမာရွတ်မြို့နယ် တရားသူကြီးက ၎င်းတို့အား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ အပြစ် ရှိ မရှိမေးမြန်းခဲ့ရာ စွပ်စွဲခံရသူတို့မှ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး  လာမည့်ဖေဖော်ဝါရီ ၁၁ ရက်တွင် အမှုကို စ တင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။အခု ကျွန်တော်တို့ကို အမှုဟောင်းတွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတရားစွဲဆိုမှုတွေ လုပ်နေတယ်။ ပြီးတော့ သာယာဝတီတ ရားရုံးမှာလည်း တရားစွဲဆိုထားသေးတယ်။ ကျွန်တော်တို့ကို သာယာဝတီအကျဉ်းထောင်မှာ ချုပ်ထားပြီးတော့ ရန်ကုန်ကို နေ့တိုင်းနီးပါး ရုံးထုတ်နေတဲ့အတွက် ကျွန်တော်တို့အတွက် အရမ်းကို ပင်ပန်းမှုတွေဖြစ်တယ်။ ရန်ကုန်မှာက တရားစွဲဆိုထားမှု အများဆုံးဖြစ်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာပဲ ချုပ်ဖို့ကို တရားရုံးတွေမှာ တင်ပြသွားမယ်။ ဒီနေ့ ကမာရွတ်တရားသူကြီး ရှင်းပြတာကတော့ ချုပ်တာနဲ့ပတ်သက်ရင် အကျဉ်းထောင်ဦးစီးတွေကို စာတင်မှ ဖြစ်မယ်လို့ပြောထားတယ်” ဟု ကိုနန္ဒာစစ်အောင်က ပြောကြားသည်။အလားတူ ဖေဖော်ဝါရီ ၄ ရက်ရုံးချိန်းတွင် မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်တို့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါ ရီ ၁၅ ရက်တွင် ကမာရွတ်မြို့နယ်၌ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်မှုကို ထောက်ခံကြောင်း ပြုလုပ်ရာတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုအတွက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

တရားစွဲခံထားရသော ဗကသ ကျောင်းသားခေါင်းဆောင်များအား ဖေဖော်ဝါရီ ၄ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ် (ဓာတ်ပုံ-မြင့်သူ)လက်ရှိတွင် မဖြိုးဖြိုးအောင်မှာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပ ဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ စုစုပေါင်း နှစ်မှုဖြင့်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ်တရားရုံး တွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျောက်တံ တားမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရကြောင်း သိရသည်။ကိုနန္ဒာစစ်အောင်မှာ သာယာဝတီမြို့ နယ်တရားရုံးနှင့် ကမာရွတ်မြို့နယ်တရားရုံးတွင် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင်ပုဒ်မ ၁၈ စုစုပေါင်း သုံးမှုဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆို ခံထားရကြောင်း သိရသည်။ကိုကျော်ကိုကိုမှာ  သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ်ရားရုံးတွင် ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ် မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ စုစုပေါင်းနှစ်မှုဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ်တွင် ပုဒ်မ ၁၈ နှစ်မှု ဖြင့် လည်းကောင်း တရားစွဲဆို ခံထားရသည်။ကိုမင်းသွေးသစ်မှာ သာယာဝတီမြို့နယ် တရားရုံးတွင်  ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရပြီး ကိုလင်းထက်နိုင ်(ခ) ဂျိမ်းမှာ ကမာရွတ်မြို့နယ် တရားရုံးတွင်  ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ် မ ၁၈ စုစုပေါင်း သုံးမှုဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။   

Most Read

Most Recent