လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့်ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်တရားရုံး အသီးသီးမှ အင်းစိန်တွင် ထောင်ဒဏ်ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ၂၀၁၄ ခုနှစ်က အမှုဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ ဖေဖော်ဝါရီ ၄ ရက်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားစွဲခံရသူတို့တွင် ပါဝင်သည့် ကိုစည်သူအား တရားခံပြေး ဟုတ်မဟုတ်ကြောင်းကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၁၀ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
“အမှုကတော့ မစစ်သေးဘူး။ ကျွန်တော်တို့ အမှုထဲမှာ ပါဝင်တဲ့ ကိုစည်သူကိုပဲ တရားခံပြေး ဟုတ်မဟုတ် စစ်တာပါ။ ရုံးချိန်းကို ၁၀ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။တာမွေနဲ့ ဗိုလ်တထောင်မှာလည်း တရားစွဲထားတယ်။ ဒီမှာက နှစ်ကြိမ်ရုံးထုတ်ပြီးပါပြီ”ဟု ကိုတင်ထွဋ်ပိုင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုစည်သူ၊ ကိုမိုးသူတို့သည် ရှစ်လေးလုံး (၂၆)နှစ်ပြည့် နှစ်ပတ်လည်အတွက် တာမွေမှ ကျောက်တံတားအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ လမ်းလျှောက် ဖြတ်သန်း ဆန္ဒပြရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပါဝင်ခဲ့သဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခဲ့ပြီး တစ်နှစ်ခွဲကျော်ကြာမှ မြို့နယ်တရားရုံး၌ တရားစွဲတင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရှစ်လေးလုံး(၂၆) နှစ်ပြည့် နှစ်ပတ်လည် လမ်းလျှောက် ဆန္ဒပြရာတွင် ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို တာမွေ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆို စစ်ဆေးလျက်ရှိပြီး လမ်းလျှောက် ဆန္ဒပြရာတွင်ပါဝင်သည့် ပုဇွန်တောင်၊ ကျောက်တံတားမြို့နယ် တရားရုံးတို့ကလည်း တရားစွဲဆိုဖွယ်ရှိကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။
ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့သည် ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်း သေနက်ထိမှန် သေဆုံးခဲ့မှုအား အမှုမှန် ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှစ၍ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင် အား ထောင်ဒဏ်ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ခြောက်နှစ်ကျော် ချမှတ်ခံရထားကြောင်း သိရသည်။
ထောင်ဒဏ်ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်















