ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၈၀ ကျော်နှင့် မုဒိမ်းမှု ၄၀ ကျော် ဖြစ်ပွား

ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၈၀ ကျော်နှင့် မုဒိမ်းမှု ၄၀ ကျော် ဖြစ်ပွား
Published 3 February 2016
ဉာဏ်ဝင်းရှိန်

၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၈၀ ကျော်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ ဖေဖော်ဝါရီ ၃ ရက်က သိရသည်။ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီးများတွင် လူသတ်မှု ၈၇ မှုဖြစ်ပွားခဲ့ကာ မုဒိမ်းမှုဖြစ်ပွားမှုမှာ ယင်းတစ်လအတွင်း ၄၈မှုဖြစ်ပွားခဲ့ပြီး လုယက်မှုမှာ ၁၄ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက “ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးမှာ လူသတ်မှု ၈၇ မှု၊ မုဒိမ်းမှု ၄၈ မှုနဲ့ လုယက်မှု ၁၄ မှု ဖြစ်ပွားခဲ့ပါတယ်”ဟု ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျော်စောသတင်းရှိသည့် လူဆိုးလူမိုက်များကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးနေပြီး စီမံချက် စတင်သည့်အချိန်မှ စ၍ မြို့နယ်အသီးသီးမှ လူမိုက်ခေါင်းဆောင်များဟု နာမည်ထွက်နေသူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၅ ခုနှစ်အတွင်း  တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၂၆၄ မှု၊ ဓားပြမှု ၁၀ မှု၊ လုယက်မှု ၁၃၆မှု၊ မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။                                    

Most Read

Most Recent