ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် တရားစွဲခံထားရသည့် မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်နှင့် ကိုနန္ဒစစ်အောင်တို့အား ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲ၊ အမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အရေးယူပေးရန် လျှောက်ထားမှု တရားရုံး

ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် တရားစွဲခံထားရသည့် မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်နှင့် ကိုနန္ဒစစ်အောင်တို့အား ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲ၊ အမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အရေးယူပေးရန် လျှောက်ထားမှု တရားရုံး
Published 28 January 2016
ဝေလင်းအောင်

ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် တရားစွဲခံထားရသည့် မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်နှင့် ကိုနန္ဒစစ်အောင်တို့အား ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲ၊ အမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အရေးယူပေးရန် လျှောက်ထားမှု တရားရုံးမှပယ်ချ
၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် မြို့နယ်အသီးသီးတွင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်နှင့် ကိုနန္ဒစစ်အောင်တို့ကို ဇန်န ဝါရီ ၂၈ ရက်တွင် ကမာရွတ်မြို့နယ်တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲဆို ရုံးထုတ်ခဲ့ပြီး အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးရာတွင် ဆန္ဒပြကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အရေးမယူပါဟု ကတိပြုခဲ့သူ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အရေးယူပေးပါရန် မြို့နယ်တရားသူကြီးထံ လျှောက်ထားမှုကို ပယ်ချသည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။“ပုဒ်မ ၁၈ နဲ့ မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်(ခ) ဂျိမ်း၊ ကိုနန္ဒစစ်အောင်ကို ၁၅ ရက်၂ လ၂၀၁၅ ကို ကမာရွတ်မြို့နယ်မှာ ဆန္ဒဖော်ထုတ်တယ်ဆိုတဲ့ ကိစ္စကြောင့် သီးခြား တရားစွဲဆိုပြီး ဒီနေ့ရုံးတင်ပါတယ်။လက်ရှိမှာတော့ ဆန္ဒပြကျောင်းသားတွေကို ဘူတာရှိသလောက် အမှုဖွင့်မှာပဲ။ မြန်မာပြည်မှာ ဘူတာဘယ်လောက်ရှိသလဲ အဲဒီလောက်ဖွင့်မှာပဲ။ အတိအကျတော့ ကျွန်တော်လည်း မသိဘူး။ အခုထပ်ပြီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေကတော့ သူတို့ကဆွေးနွေးပွဲသွားနေတဲ့ ဆန္ဒပြမှုမှာ မပါဘူး။ ဆန္ဒဖော်ထုတ်တာက သတ်သတ်။ လာရှင်းပြတာ သတ်သတ်။ အဲဒါကို လာရှင်းပြတဲ့သူတွေကို တရားစွဲလိုက်သလို ဖြစ်နေတယ်။ အဲဒီအတွက်  စွပ်စွဲခံရသူတွေက အပြစ်မရှိကြောင်း တရားသူကြီးထံ ငြင်းဆိုခဲ့တယ်”ဟု စွပ်စွဲခံ ထားရသူများ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားသည်။ဇန်နဝါရီ ၂၈ ရက်ရုံးချိန်းတွင် ၎င်းတို့ အမှုအား စစ်ဆေးခြင်းမရှိဘဲ ဖေဖော်ဝါရီ ၄ ရက်တွင် တရားလိုအား စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။“ကျွန်မတို့အနေနဲ့ အလံလွှင့်တာ၊ သပိတ်ကိုင်တာ၊ ကြွေးကြော်ဆန္ဒပြတာမျိုးတောင် မရှိဘဲ ကားပေါ်တက်သွားတာကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံခဲ့ရတာပါ”ဟု ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။ယင်းနေ့တွင် စွပ်စွဲခံထားရသည့် ဗကသကျောင်းသားများ၏ ရှေ့နေဖြစ်သူ ဦးဌေးက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးရာတွင် ဆန္ဒပြကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အရေးမယူပါဟု ကတိပြုခဲ့သူ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အရေးယူပေးပါရန် မြို့နယ်တရားသူကြီးထံ လျှောက်ထားမှုကို တရားသူကြီးက ပြည်ထောင်စုဝန်ကြီးမှာ ဆန္ဒပြနေရာတွင် မရှိသည့်အပြင် အမှုနှင့် သက်ဆိုင်မှုမရှိသဖြင့် အရေးယူပေးရန် လျှောက်ထားမှုကို ပယ်ချသည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း စွပ်စွဲခံရသူတို့၏  ရှေ့နေဖြစ်သူများထံမှ သိရသည်။ထို့နောက် အမှုနှင့်ပတ်သက်၍ တရားလို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအား အပြန်အလှန် မေးမြန်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်သို့ ရုံးချိန်းပြန်ချိန်းခဲ့သည်။“ဒီနေ့  တရားလိုရဲမှူးဦးဇော်ဝင်းကို အပြန်အလှန် စစ်ဆေးမေးမြန်းမှု ပြီးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်က လျှောက်ထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉ (ဂ) အရ အရေးယူဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး တရားရုံးက ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ် ”ဟု စွပ်စွဲခံရသူများ၏ ရှေ့နေဦးရောဘတ်စန်းအောင်က ဇန်နဝါရီ ၂၈ ရက်တွင် မီဒီယာများအား ပြောကြားသည်။“ကျူးကျော်နေထိုင်သူတွေဆိုပြီး နေအိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချတာကို ကန့်ကွက်ပါတယ်။ ဒီကိစ္စက အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်မချင်း ကြုံတွေ့နေမယ့် ပြဿနာပဲဖြစ်ပါတယ်။ ဒီလိုဘူဒိုဇာနဲ့ ဖြေရှင်းနေတာထက်စာရင် မြေနေရာအစားထိုးပြီး ပေးနိုင်တဲ့ နည်းလမ်းတွေရှာဖွေပြီး စေ့စပ်ညှိနှိုင်းတာမျိုးပဲ ဖြစ်စေချင်ပါတယ်”ဟု ဗကသကျောင်း သားခေါင်းဆောင် ကိုကျော်ကိုကိုက တရားရင်ဆိုင်အပြီးတွင် မီဒီယာများအား ပြောကြားသည်။                       

Most Read

Most Recent