နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှုဇယားတွင် ယခင်နှစ်များထက် နိုင်ငံ ၁၀ ခုခန့်လျှော့ချ လေ့လာခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် ၁၄၇ ဖြင့် အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံအထက်တွင် ရပ်တည်နိုင်ခဲ့သည်ဟု ခြစားမှု တိုက်ဖျက်ရေး လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းဖြစ်သော Transparency International က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက်ခြစားမှု အခြေပြဇယားကို နှစ်စဉ် ထုတ်ပြန်ပေးလျက်ရှိသော နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၁၂ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အခြေပြဇယားတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လေ့လာထုတ်ပြန်ခဲ့ပြီး ထိုအချိန်က မြန်မာနိုင်ငံသည် အမှတ်ပေါင်း ၁၅ မှတ်ဖြင့် အဆင့် ၁၇၂ နိုင်ငံတွင် တည်ရှိခဲ့ကာ ခြစားမှု အမြင့်ဆုံးနိုင်ငံ ငါးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။ထို့ပြင် ၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အခြေပြဇယားကို ထုတ်ပြန်ရာတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ပြီး ရမှတ်ပေါင်းမှာ ၁၀၀ တွင် ၂၁ မှတ် ဖြစ်သည်။အလားတူပင် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ အကျင့်ပျက်ခြစားမှု အခြေပြဇယားတွင် နိုင်ငံပေါင်း ၁၇၄ နိုင်ငံကို လေ့လာထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသည် အမှတ်ပေါင်း ၂၁ မှတ်ဖြင့် အဆင့် ၁၅၆ တွင် တည်ရှိခဲ့ကာ ခြစားမှု အမြင့်ဆုံးနိုင်ငံများစာရင်းတွင် ဆက်လက် ပါဝင်ခဲ့သည်။၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှုဇယားတွင် ယခင်နှစ်များထက် နိုင်ငံ ၁၀ ခုခန့် လျှော့ချကာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံသာ လေ့လာခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၅၆ ၌ ရပ်တည်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၇ ၌ ရပ်တည်နိုင်ခဲ့သည်။ ထို့အတူ ရမှတ်တွင်လည်း ယခင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ရရှိသည့် ရမှတ်ထက် တစ်မှတ် ပိုမိုလာကာ ၂၂ ရရှိခဲ့သည်ဟု Transparency International ၏ လေ့လာမှု က ဆိုသည်။၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရမှတ် ၂၁ မှတ်ဖြင့် ဇင်ဘာဘွေ၊ ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများနှင့်အတူ အဆင့် ၁၅၆ တွင် ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် ကမ္ဘောဒီးယား၊ ဇင်ဘာဘွေတို့သည် ရမှတ် ၂၁ မှတ်သာ ရရှိပြီး အဆင့် ၁၅၀ တွင်သာ ရပ်တည်နိုင်ခဲ့သည်။ွှTransparency International က ၂၀၁၅ ခုနှစ်အတွက် ကောက်ယူခဲ့သည့် အဆိုပါ စစ်တမ်းတွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ၏ သုံးပုံနှစ်ပုံခန့်သည် ညွှန်းကိန်းအမှတ် ၁၀၀ တွင် ၅၀ အောက်၌သာ ရောက်ရှိခဲ့ပြီး ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင် အစရှိသည့် နိုင်ငံများသည် ခြစားမှု အနည်းဆုံးနိုင်ငံများစာရင်းတွင် ဆက်လက် ရပ်တည်နေပြီး မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့် နိုင်ငံများသည် ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းတွင် ဆက်လက်ပါဝင်နေကာ ဘရာဇီးနိုင်ငံသည် အဆင့်ကျဆင်းမှု အဆိုးဆုံးအဖြစ် ရပ်တည်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြရန်နှင့် လွတ်လပ်သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း၊ တရားရုံးများ စောင့်ကြည့်လေ့လာရေး လွတ်လပ်သည့် အဖွဲ့အစည်းများရှိသင့်ကြောင်း ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မကြာခင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အား အကြံပြု တိုက်တွန်းခဲ့သည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှုဇယားတွင် ယခင်နှစ်များထက် နိုင်ငံ ၁၀ ခုခန့် လျှော့ချလေ့လာခဲ့သဖြင့် မြန်မာနိုင်ငံသည် အဆင့် ၁၄၇ ဖြင့် အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံအထက်တွင် ရပ်တည်လာ















