မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူများအနက် ၈၈ ရာခိုင်နှုန်းမှာ လူမှုကွန်ရက် အသုံးပြုသူများဖြစ်ပြီး ပညာရေးနှင့် စီးပွားရေးဘက်တွင် အသုံးပြုမှုမှာ၂၂ ရာခိုင်နှုန်းသာရှိနေ

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူများအနက် ၈၈ ရာခိုင်နှုန်းမှာ လူမှုကွန်ရက် အသုံးပြုသူများဖြစ်ပြီး ပညာရေးနှင့် စီးပွားရေးဘက်တွင် အသုံးပြုမှုမှာ၂၂ ရာခိုင်နှုန်းသာရှိနေ
Published 27 January 2016

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူများအနက် ၈၈ ရာခိုင်နှုန်းမှာ လူမှုကွန်ရက် အသုံးပြုသူများဖြစ်ကြပြီး ပညာရေး နှင့် စီးပွားရေးဘက်တွင် အသုံးပြုမှုမှာ ၂၂ ရာခိုင်နှုန်းသာ ရှိနေကြောင်း ၂၀၁၅ ခုနှစ်၏ Myanmar Survey Research အရ သိရသည်။ယင်းကြေညာချက်ကို တယ်လီနော်၏ အပတ်စဉ်ပြုလုပ်နေကျ Net Monday  ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ လူငယ်များတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ အွန်လိုင်း၊ အင်တာနက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။"၂၀၁၅ ခုနှစ် Myanmar Survey Research ကို အခြေခံပြီးတော့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ ၈၈ ရာခိုင်နှုန်းက လူမှုကွန်ယက်မှာပဲ အသုံးပြုကြပြီး ၂၂ ရာခိုင်နှုန်းကတော့ ပညာရေး စီးပွားရေးအတွက် အသုံးပြုကြတယ်လို့ သိရပါတယ်။ အင်တာနက် အသုံးပြုလာဖို့အတွက် လူမှုကွန်ရက်တွေက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပြီး အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကိုသုံးပြီး ပညာရေးကို မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်။ နည်းပညာက ပညာရေးကို ပြောင်းလဲမယ်နိုင်မယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီလိုပြောင်းလဲနိုင်ဖို့အတွက် ဆက်လက် တိုးချဲ့သွားမှာပါ"ဟု တယ်လီနောမြန်မာ၏ Chief Marketing Officer Joslin E.Myrthng က ပြောကြားသည်။့မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုမှု နှင့် အင်တာနက် အသုံးပြုမှုတို့မှာ များစွာတိုးတက် ပြောင်းလဲလာသော်လည်း လူငယ်များအနေဖြင့် အင်တာနက်ကို အသုံးပြုရာတွင် ပညာရေးနှင့် ပတ်သက်ပြီး အသုံးပြုမှုမှာ လွန်စွာ နည်းပါးလျက်ရှိကြောင်း အင်တာနက် အသုံးပြုမှု စစ်တမ်းများအရ သိရသည်။ အင်တာနက်ကို အဓိက အသုံးပြုနေသည့်အပိုင်းမှာ လူမှုကွန်ရက် အပိုင်းတွင်သာ များစွာ အသုံးပြု နေကြကြောင်း သိရသည်။“ပညာရေးနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းမှာ ရင်းမြစ်တွေ အများကြီးရှိတယ်။အင်တာနက်ကိုအသုံးပြုပြီးတော့ ပညာရေးနဲ့ အလုပ်အကိုင်တွေ တိုးတက်ရေးတို့ကို ဘယ်လို အသုံးချရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားပါတယ်"ဟု တက္ကသိုလ်တက်ရောက်နေသူ ကိုအာကာဖြိုးက ပြောကြားသည်။တယ်လီနော၏ Net Monday ကဏ္ဍကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေး၊ မှော်ဘီ၊ ပဲခူးနှင့် အခြားမြို့နယ်များတွင်လည်း လစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent