ရိုးမအုပ်စုက မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို မွမ်းမံဖွင့်လှစ်မည့် ရန်ကုန် ပင်နီဆူလာ ဟိုတယ်မှ ရှယ်ယာ ဒေါ်လာ ၂ ဒသမ ၄ သိန်းဖိုးကို ရိုးမအုပ်စုက ဝယ်ယူလိုက်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ပင်နီဆူလာဟိုးဒင်း ကုမ္ပဏီ၏ ရှယ်ယာ ၁၀၀၀ အနက် တစ်စောင်လျှင် ဒေါ်လာ ၁၀၀၀ နှုန်းဖြင့် ရှယ်ယာ ၂၄၀ ကို ရိုးမအုပ်စု ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ပင်နီဆူလာဟိုတယ်ကို Penisula International Investment Holding က ပိုင်ဆိုင်ပြီး The Hongkong and Shanghai ဟိုတယ်အုပ်စုက ပိုင်ဆိုင်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုဖြစ်ကြောင်း သိရသည်။
FMI ကုမ္ပဏီက အဆိုပါ ရန်ကုန် ပင်နီဆူလာ ဟိုတယ် ရှယ်ယာ၏ ခြောက်ရာခိုင်နှုန်းကို ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှ Grand Mee Ya Htar ဟိုတယ်နှင့် မီးရထားရုံးချုပ်ဟောင်း အပါအဝင် မြေ ၁၀ ဧကကို လူနေတိုက်ခန်း၊ ရုံးခန်း၊ ဟိုတယ်ဆောက်လုပ်ခွင့်နှင့် နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့် ရိုးမအုပ်စုက ရရှိထားပြီး ကိုလိုနီခေတ် လက်ရာဖြစ်သည့် ရန်ကုန် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းတွင် ပါဝင်သည့် မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကိုမူ ရိုးမအုပ်စုက ကြယ်ငါးပွင့်အဆင့်ရှိ Pennisula ဟိုတယ်အဖြစ် ပြန်လည်ပြုပြင် မွမ်းမံရန် အဆိုပြုထားကြောင်း သိရသည်။
ရိုးမအုပ်စုအနေဖြင့် ဂရင်းမီးရထား ဟိုတယ်ကို ဆောက်လုပ်ခဲ့သည့် Meeyahatar Investment Holdings limited ၏ ရှယ်ယာရာခိုင်နှုန်း ၈၀ ကိုလည်း လွဲပြောင်း ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
မီးရထားရုံးချုပ်ဟောင်းကို မွမ်းမံပြင်ဆင်ဖွင့်လှစ်မည့် Pennisula Hotel ၏ ရှယ်ယာ ၂၄ ရာခိုင်နှုန်းကို ရိုးမအုပ်စုဝယ်ယူ















