ရွေးကောက်ပွဲကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ခြောက်လမှ ကိုးလကြာအထိ တုံ့ဆိုင်းခဲ့ပြီးနောက် ယခုနှစ်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပိုမိုဖွံ့ဖြိုးလာဖွယ်ရှိဟု ဆို

ရွေးကောက်ပွဲကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ခြောက်လမှ ကိုးလကြာအထိ တုံ့ဆိုင်းခဲ့ပြီးနောက် ယခုနှစ်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပိုမိုဖွံ့ဖြိုးလာဖွယ်ရှိဟု ဆို
Published 20 January 2016

ရွေးကောက်ပွဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ခြောက်လမှ ကိုးလအထိ တုံ့ဆိုင်းခဲ့နောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ၂၀၁၆ ခုနှစ်တွင် ပိုမိုဖွံ့ဖြိုးလာဖွယ်ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာတွင် ပြုလုပ်သည့် Myanmar Property Awards 2016  ၂၀၁၆ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများအရ သိရသည်။“ပြီးခဲ့တဲ့ ခြောက်လကနေ ကိုးလလောက်မှာဆိုရင် ရွေးကောက်ပွဲတွေ ရှိတဲ့အတွက်ကြောင့် နည်းနည်းလေး အိမ်၊ ခြံ၊ မြေဈေးကွက်ဟာဆိုရင် ငြိမ်သက်နေတယ်။ ဒါပေမဲ့ အခုချိန်ကနေစပြီးတော့မှ အိမ်၊ ခြံ၊ မြေ ဈေးကွက်ဟာ ပြောင်းလဲမှုတွေ စတင်လာဖို့ကို မျှော်လင့်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာနဲ့ ဒေသတွင်းက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ရုံးခန်းတွေ၊ မြေနေရာတွေ လိုလာမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး လိုလာတဲ့အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ အများကြီးမြင်ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာဆိုရင် အိမ်၊ ခြံ၊ မြေလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်မှု ပိုပြီးရရှိလာမယ်လို့ မြင်ပါတယ်။ အခြားဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေတုန်းပါပဲ” ဟု Myanmar Property Awards 2016  ဆုရွေးချယ်မှုတွင် Chairman of Judge Mr. Richard Emerson က ဆိုသည်။မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းများမှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြင့်မားလွန်းသည့် အခြေအနေတွင်တည်ရှိနေပါကြောင်း၊ ပြည်တွင်းအိမ်ခြံ မြေဈေးကွက်အား ပိုမိုဖွံ့ဖြိုးစေရန်နှင့် နိုင်ငံတကာမှ အိမ်၊ ခြံ၊ မြေဝယ်လိုအားများနှင့် ရင်းနှီးမြှုပ်နှံလိုသူများ၏ စိတ်ဝင်စားမှုများ ရရှိလိုပါကလည်း မြန်မာနိုင်ငံအိမ်ခြံမြေဈေးအား အပြောင်းအလဲဖြစ်သင့်နေပြီဖြစ်ကြောင်း ဒီဇင်ဘာအတွင်းက ထုတ်ပြန်သည့် House.com.mm ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most Read

Most Recent