ဗဟိုဘဏ်၏ တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၂၉၉ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင် ရှိနေကြောင်း စုံစမ်းသိရသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်သို့ စတင်မြင့်တက်လာခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်များ နှစ်ရက်အတွင်း ၁၂ ကျပ်ဝန်းကျင် (၁၃၀၄ ကျပ်ဝန်းကျင်) မြင့်တက်ခဲ့ပြီး ၁၄ ရက်တွင် ထပ်မံ မြင့်တက်ခြင်းမရှိဘဲ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်ရှိနေသည်။ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ဇန်နဝါရီဒုတိယပတ် ၇ ရက် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်းမှာ ၁၃၀၂ ကျပ်၊ ၁၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၃၀၀၊ ၁၂ ရက်နှင့် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်သို့ လျှော့ချသတ်မှတ်ထားပြီး ၁၄ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၂၉၉ ကျပ် သတ်မှတ်ထားသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟို ဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာသတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှ စ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် သတ်မှတ်ဒေါ်လာလဲနှုန်းသည် ၁၂၉၉ ကျပ်ရှိခဲ့ပြီး ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းနှင့် ကွာဟချက်နည်းလာသည်။ဇန်နဝါရီ ၁၄ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ကျပ် ၁၃၀၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၁၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၀၅ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရို လျှင် ရောင်းဈေး ၁၄၁၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၄၀၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ဇန်နဝါရီ ၁၄ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၂၉၉ ကျပ်ဖြင့် အမေရိကန် ဒေါ်လာတစ်သန်းကို ရောင်းချခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဗဟိုဘဏ်၏ တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၂၉၉ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်ရှိ















