ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်အား လမ်းမတော်မြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် ပုဒ်မ ၁၈၊ ၄၄၇ တို့ဖြင့်လည်းကောင်း ထပ်မံအမှုဖွင့်လိုက်ကြောင်း ကိုမင်းသွေးသစ်က ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင် ပြောကြား သည်။
အမှုဖွင့်ခံရသည့် အကြောင်းအရင်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗကသနှင့် တကသ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ ၎င်းဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည့် လမ်းမတော်နှင့် ကမာရွတ်မြို့နယ် ရဲစခန်းများမှ ယခုအခါ အမှုဖွင့်ထားကြောင်း အသိပေးခြင်းဖြစ်သည်။
“ရန်ကုန်မှာ လေးရက်သပိတ်လုပ်တော့ လမ်းမတော်မြို့နယ်က စံပြကနေ မြို့ထဲကို ချီတက်လမ်းလျှောက်တယ်။ ကိုနန္ဒာစစ်အောင်ရယ် ကျွန်တော်ရယ် ဦးဆောင်ပြီးတော့ လူ ၁၅၀ လောက်နဲ့ ချီတက်ခဲ့တယ်။အဲဒီအတွက် လမ်းမတော်က ပုဒ်မ ၁၈ နဲ့ စွဲတယ်။ ကမာရွတ်က သမိုင်းလမ်းဆုံကနေ ရန်ကုန်တက္ကသိုလ်ကို ကျော်ဝင်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ရော ပုဒ်မ ၄၄၇ နဲ့ပါ စွဲတာဖြစ်ပါတယ်” ဟု ကိုမင်းသွေးသစ်က ဆိုသည်။
ထို့ပြင် ပုဒ်မ၄၄၇ ဖြင့် အမှုဖွင့်ရာတွင် ကိုမင်းသွေးသစ်အပြင် ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ ပါဝင်သည်ကို ကမာ ရွတ်မြို့မရဲစခန်းမှူးက ပြောကြားခဲ့ကြောင်း ကိုမင်းသွေးသစ်က ပြောကြားသည်။
ကိုမင်းသွေးသစ်သည် ယခုကဲ့သို့ ပုဒ်မ ၁၈ဖြင့် ထပ်မံတရားစွဲဆိုခံရမှုအတွက် လာမည့် သီတင်းပတ်မှစတင်ကာ တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည် ဖြစ်သည်။
“အရင်တုန်းကတော့ ထောင်ထဲမှာရှိနေတုန်း တောက်လျှောက် အမှုဖွင့်ခံရတယ်။ ဒီနေ့ကတော့ ထူးထူးခြားခြား ဆေးရုံတက်နေတုန်း အမှုဖွင့်ခံရတာဖြစ်ပါတယ်။ သာမန်လူနာအနေနဲ့ ရောက်ပြီး ဆေးရုံတက်နေတဲ့ အချိန် ယူနီဖောင်းတွေနဲ့လာပြီး တရားစွဲတယ်ပေါ့။ ကြိုးကြိုးစားစားနဲ့ အမှုအတွက် စစ်ချက်ယူတာပေါ့။ တကယ်တမ်း တခြားအမှုတွေ၊ ရာဇဝတ်အမှုတွေမှာ ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ တော်တော်လေး အေးအေးချမ်းချမ်း နေရမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကိုမင်းသွေးသစ်သည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် တောင်းဆို လမ်းလျှောက် ဆန္ဒပြသည့် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး လက်ပံတန်းမြို့တွင် အဆိုပါစစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုသီဟဝင်းတင်၊ မဟန်နီဦးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီ အကျဉ်းထောင်တွင် ချုပ်နှောင် စစ်ဆေးခံနေရာမှ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော ဗကသများ အဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်အား လမ်းမတော်နှင့် ကမာရွတ်မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်















