ရန်ကုန်မြို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများအနေဖြင့် နားလည်လက်ခံနိုင်ရန် အရေးကြီးပြီး ဆိုးရွားသည့် မြို့ပြပြဿနာများ မပေါ်ပေါက်စေရန်အတွက် လိုအပ်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပေးရန်လိုအပ်ဟုဆို

ရန်ကုန်မြို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများအနေဖြင့် နားလည်လက်ခံနိုင်ရန် အရေးကြီးပြီး ဆိုးရွားသည့် မြို့ပြပြဿနာများ မပေါ်ပေါက်စေရန်အတွက် လိုအပ်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပေးရန်လိုအပ်ဟုဆို
Published 8 January 2016
နီလာ

ရန်ကုန်မြို့တွင် လူဦးရေတဖြည်းဖြည်း မြင့်တက်လျက်ရှိပြီး အထပ်မြင့် အဆောက်အအုံများ အပါအဝင် တည်ဆောက်ရေး လုပ်ငန်းများဖြင့် ဖွံ့ဖြိုးလာနေမှုကို ဥပဒေများ၊  ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့် အလျင်အမြန် ထိန်းချုပ်ရန် လိုအပ်နေပြီး လက်ရှိအတိုင်း ဆက်လက်လုပ်ဆောင်နေပါက ရန်ကုန်မြို့၏ အခြေအနေမှာ ပိုပြီးဆိုးရွားသော အခြေအနေများ ကြုံတွေ့လာနိုင်ကြောင်း ဇန်နဝါရီ ၈ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီ ညီလာခံ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားမှ သိရသည်။“အခုပဲကြည့်လေ။ ရန်ကုန်မြို့မှာ အထပ်မြင့်ကြီးတွေ အများကြီး တက်လာပြီ။ လမ်းကျဉ်းကျဉ်းလေးပဲ။ အဲဒီလမ်းက ၁၂ ပေလောက်ပဲ ကျယ်တဲ့ လမ်းလေးကနေပြီးတော့ အတွင်းမှာ ၁၄ ထပ်၊ ၁၅ ထပ်တွေ ဆောက်နေတယ်။ အဲဒီကထွက်လာမယ့် ကားတွေနဲ့ လမ်းမကြီးမှာ သွားနေတဲ့ ကားတွေနဲ့ အဲဒီကားပဲ စဉ်းစားကြည့်တာနဲ့တင် အခြေအနေက စိုးရိမ်စရာဖြစ်လာပြီ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်အေးအေးမြင့်က အဆိုပါစာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။ဆက်လက်၍ ၎င်းက “ပြီးတဲ့အခါ အဲဒီတိုက်တွေမှာ လူတွေပြည့်ကြပ်သိပ်နေပြီ။ Over Crowding ဖြစ်နေပြီ။ တကယ်ဆိုတော့ သူများတိုင်းပြည်တွေမှာဆိုရင် Population Density ရှိတယ်။ လမ်းအကျယ်လေး ဒီလောက်ဆိုရင် အထဲမှာ ဘယ်နှထပ်ပဲ ဆောက်ရမယ်ဆိုတာမျိုး ရှိတယ်။ ဆိုတော့ အဲဒီလိုဟာတွေမှာ မပြောနဲ့။ ဒီလို Zoning ကြီးတွေတောင်မှ လုပ်တာတော့ လုပ်နေတယ်လေ။ ကျွန်မတို့ အိုး/အိမ်နဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပေါင်းပြီးတော့ ပညာရှင်အသင်းအဖွဲ့တွေနဲ့ လုပ်နေတာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက လုပ်နေတာရှိတာ။ Zoning Regulation တွေ ထွက်နိုင်အောင် လုပ်နေတာ။ အကြောင်းကြောင်းကြောင့် မထွက်နိုင်သေးဘူး။ ကြာသွားတယ်။ ဒါပေမဲ့ အခု ပြန်လုပ်နေတယ်။ ဘာလို့လဲဆိုတော့ မရှိလို့ မဖြစ်တော့ဘူးလေ။ လူနေသီးသန့်ရပ်ကွက်မှာ အထပ်မြင့် လာမဆောက်နဲ့။ အဲဒီလိုမျိုးကို ကန့်သတ်ချက်တွေထားရမှာ။ အဓိက ကတော့ Development Control ပေါ့။ အားပေးလို့ ရတဲ့နေရာတွေ Promote လုပ်လို့ရတဲ့ နေရာတွေရှိတယ်။ Development Promote လုပ်လို့ရတဲ့ နေရာတွေရှိတယ်။ ကြိုက်သလောက် အမြင့်နဲ့ဆောက်၊ လမ်းအကျယ်ကြီးနဲ့ ကန့်သတ်ချက်တွေနဲ့ ကြိုက်သလောက် အမြင့်နဲ့ဆောက်လို့ရတဲ့ နေရာတွေရှိတယ်။ ဆောက်လို့မရတဲ့ နေရာတွေမှာတော့ မဆောက်နဲ့ပေါ့။ အခုရှိနေတဲ့ စည်ပင်သာယာ Regulation တွေနဲ့လည်း မလုံလောက်ဘူး။ ကျွန်မတို့ Urban Planning ရဲ့ Guidelines လောက်ပဲ ပေးနိုင်ပြီး ထိထိရောက်ရောက် မကျင့်သုံးနိုင်သေးဘူး”ဟု ပြောကြားသည်။ယင်းကဲ့သို့ ရန်ကုန်မြို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူများအနေဖြင့်လည်း နားလည်လက်ခံနိုင်ရန် လိုအပ်သည့်အပြင် ရန်ကုန်မြို့တွင် ဆိုးရွားသည့် မြို့ပြပြဿနာများ မဖြစ်ပေါ်စေရန်အတွက် လိုအပ်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပေးနိုင်ရန်လည်း လိုအပ်ကြောင်း သိရသည်။“ဒီအခြေအနေမှာ အဓိကလိုအပ်နေတာက Regulations တွေ Guidelines တွေ လိုတယ်။ Decision Makers တွေရဲ့ နားလည်လက်ခံမှုကလည်း အရေးကြီးတယ်။ နားလည်လက်ခံလို့ ဒါဟာ ပြဋ္ဌာန်းရမယ်။ လုပ်ကိုလုပ်ရမယ်ဆို ဒါဟာ လုပ်ကိုလုပ်ရမယ်။ ပြီးရင် Enforcement လာမယ်။ ဒီလို Rules တွေ Regulations တွေပဲ ချထားပြီးတော့ စာအုပ်ထဲမှာ တင်ရှိနေပြီး Practice မရှိရင် အကုန်လုံးမှာ တာဝန်ရှိတယ်။ Private Investor ပဲဖြစ်ဖြစ်၊ Individual Owner ပဲဖြစ်ဖြစ် အစိုးရဌာနပဲဖြစ်ဖြစ် ဒီစည်းမျဉ်း စည်းကမ်းလိုက်နာဆို လိုက်နာပေါ့။ လုပ်သင့်လုပ်ထိုက်တာကို လိုက်နာပေါ့။ အခု လက်ရှိအတိုင်း သွားနေရင်တော့ ပိုပြီးတော့ ဆိုးသွားမယ့် အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က  သုံးသပ်ပြောကြားသည်။ 

Most Read

Most Recent