ဒီဇင်ဘာ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၆ ကျပ် ဝန်းကျင်သို့ ဆက်လက်ကျဆင်း

ဒီဇင်ဘာ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၆ ကျပ် ဝန်းကျင်သို့ ဆက်လက်ကျဆင်း
Published 28 December 2015

ဒီဇင်ဘာ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၆ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်းလာကြောင်း စုံစမ်းသိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့် သတ်မှတ်ခြင်းနှင့်အတူ ဒီဇင်ဘာ ၁၄ ရက် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်မှ ဒီဇင်ဘာ၂၁ ရက် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၁၀ ဝန်းကျင်အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်သို့ လည်းကောင်း ဒီဇင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၇ ကျပ် ဝန်းကျင်သို့ ပြန်လည် ကျဆင်းလာပြီး ဒီဇင်ဘာ နောက်ဆုံးပတ်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၆ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်းလာခဲ့သည်။ဗဟိုဘဏ်၏ သတ်မှတ် ရည်ညွှန်း ငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာ လဲနှုန်းသည် ၁၃၀၁ ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁၃၀၄ ကျပ်သို့ စတင်မြင့်တက်ခဲ့သည်။ ၂၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၇ ကျပ်မှ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၉ ကျပ်သို့ ဆက်တိုက် မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ၂၃ ရက်၊၂၄ ရက်နှင့် ၂၈ ရင်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၁၁ ကျပ်အထိ ရှိသည်။ဒီဇင်ဘာ၂၈ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းကို ရောင်းချခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၁၇ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၂ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D  လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ် သတ်မှတ်ထားပြီး ပြင်ပ ငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၃ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပ ဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၃၃ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၉၂၇ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၃၀ကျပ် ဝန်းကျင်၊ဝယ်ဈေး ၁၄၂၀ ကျပ်ဝန်းတွင် ရှိနေသည်။

Most Read

Most Recent