၂၀၁၅ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ထင်ရှားကျော်ကြားသူ အချို့

၂၀၁၅ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ထင်ရှားကျော်ကြားသူ အချို့
Published 27 December 2015

ဇန်နဝါရီဇန်နဝါရီ ၃ ရက် ။   ။ အမေရိကန် လွှတ်တော်အမတ် အဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရသည့် အက်ဒဝပ်ဘရွတ်သည် အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ဇန်နဝါရီ ၂၃ ရက် ။   ။ ဆော်ဒီအာရေဗျ နိုင်ငံ၏ ဘုရင် အဗ္ဗဒူလာဘင်အဗ္ဗဒူလာဇစ်သည် အဆုတ်ရောင်ရောဂါ ခံစားရပြီးနောက် အသက် ၉၀ တွင် သေဆုံးခဲ့သည်။ဇန်နဝါရီ ၃၁ ရက် ။   ။ ဂျာမနီ သမ္မတဟောင်းနှင့် ခရစ်ယာန် ဒီမိုကရက်တစ် အဖွဲ့ဝင် ရစ်ချက်ဖွန်ဘိုင်ဇက်ခါသည် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။မတ်မတ် ၂၀ ရက် ။   ။ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်ကွန်းဖရေဇာသည် အသက် ၈၄ နှစ် အရွယ်တွင် နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့သည်။မတ် ၂၂ ရက် ။   ။ စင်ကာပူနိုင်ငံ တည်ထောင်သည့် ပထမဆုံး ဝန်ကြီးချုပ် လီကွမ်ယူသည် အဆုတ်ရောင်ရောဂါ ခံစားရပြီးနောက် အသက် ၉၁ နှစ်အရွယ်တွင် ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။မေမေ ၁၄ ရက် ။   ။ အသက် ၈၉ နှစ်အရွယ်ရှိ အထင်ကရ အဆိုတော် ဘီဘီကင်းသည် လာ့စ်ဗီးဂတ်စ်တွင် ကွယ်လွန်ခဲ့သည်။ဇွန်ဇွန် ၅ ရက် ။   ။ ဆက်ဒမ်ဟူစိန် လက်ထက်တွင် သမ္မတ အကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ဒုတိယဝန်ကြီးချုပ်ဟောင်း တာရစ်အဇစ်သည် အကျဉ်းသားအဖြစ် နေရစဉ် နှစ်ပေါင်းများစွာ နာမကျန်း ဖြစ်ပွားခဲ့ပြီး အသက် ၇၉ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ဇွန် ၂၆ ရက် ။   ။ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ယက်ဂျင်နီပရီမာကော့ဗ်သည် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ဇူလိုင်ဇူလိုင် ၁ ရက် ။   ။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ နာဇီလက်မှ ဂျူးလူမျိုးကလေးငယ် ရာပေါင်းများစွာကို ကယ်တင်ခဲ့မှုအတွက် အင်္ဂလိပ် Schindler ဟု လူသိများသည့် နီကိုလတ်ဝင်တန်သည် အသက် ၁၀၆ နှစ် အရွယ်တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။ဇူလိုင် ၉ ရက် ။   ။ ဆော်ဒီအာရေဗျ နိုင်ငံ၏ အိမ်ရှေ့မင်းသား ဆော့အယ်ဖေဆယ်သည် အမေရိကန်နိုင်ငံတွင် ကွယ်လွန်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည့် ဆော့အယ်ဖေဆယ်သည် ကမ္ဘာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သက်တမ်း အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ဇူလိုင် ၁၀ ရက် ။   ။Doctor Zhivago ဇာတ်ကားဖြင့် အောင်မြင်ခဲ့သည့် အီဂျစ် သရုပ်ဆောင် အိုမာရှရှစ်ဖ်သည် နှလုံးရောဂါဖြင့် အသက် ၈၃ နှစ်အရွယ်တွင် ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ခု၌ ကွယ်လွန်ခဲ့သည်။ဇူလိုင် ၁၁ ရက် ။   ။ Nintendo ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဆာတိုရူအီဝါတာသည် အသက် ၅၅ နှစ် အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။သြဂုတ်သြဂုတ် ၁၅ ရက် ။   ။ အမေရိကန်တွင် အရပ်သား အခွင့်အရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် တက်ကြွလှုပ်ရှားသူ ဂျူလီယန်ဘွန်းသည် အသက် ၇၅ နှစ် အရွယ်တွင် ဖလော်ရီဒါ၌ ကွယ်လွန်ခဲ့သည်။သြဂုတ် ၂၂ ရက် ။   ။ ကမ္ဘောဒီးယားနိုင်ငံ၏ ရက်စက်သော ခမာနီအစိုးရ၏ ဇနီးဖြစ်သူ အသက် ၈၃ နှစ် အရွယ်ရှိ အီယန်သီရစ်သည် ထိုင်းနိုင်ငံနယ်စပ် အနီးရှိ ခမာနီတို့၏ အမာခံ နယ်မြေဟောင်း တစ်ခုတွင် ကွယ်လွန်ခဲ့သည်။နိုဝင်ဘာနိုဝင်ဘာ ၁၀ ရက်။   ။ ၁၉၇၄ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အနောက်ဂျာမနီ၏ အဓိပတိအဖြစ် အုပ်ချုပ်ခဲ့သည့် ဟယ်မုတ်ရှမစ်တ်သည် အသက် ၉၇ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

Most Read

Most Recent