ဇန်နဝါရီဇန်နဝါရီ ၁ ■ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူများသို့ အစီရင်ခံ တင်ပြ။ ဗိုလ်ရှုခံ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုများအား ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ကြည့်ရှု။ဇန်နဝါရီ ၃ ■ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့၌ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား ဂုဏ်ပြုညစာဖြင့် ဧည့်ခံ။ဇန်နဝါရီ ၄ ■ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် NLD က အခမ်းအနားပြုလုပ်ရာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြား။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား နေပြည်တော်တွင် ကျင်းပ။ နိုင်ငံရေး အဖွဲ့အစည်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်။ဇန်နဝါရီ ၅ ■ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တွေ့ဆုံ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များတွေ့ဆုံ။ဇန်နဝါရီ ၇ ■ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စရန်ဟီးလီ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာ။ဇန်နဝါရီ ၈ ■ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး၌ တွေ့ဆုံ။ တရားဥပဒေ စိုးမိုးရေး စင်တာများကို ကြီးကြပ်ကွပ်ကဲရန် ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်။ဇန်နဝါရီ ၉ ■ ဘတ်ဂျက်သုံးစွဲမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားသည့် ပြန်ကြားရေး အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို လွှတ်တော်က ခေါ်တွေ့။ “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်” ဟူသော The Trade Times ဂျာနယ်၏ သတင်းဖော်ပြချက် မှန်ကန်မှု မရှိဟု NLD ထုတ်ပြန်။ဇန်နဝါရီ ၁၁ ■ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက်အဖွဲ့တို့ တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များ ဆွေးနွေး။ဇန်နဝါရီ ၁၂ ■ သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ နေပြည်တော်၌ ပြုလုပ်။ဇန်နဝါရီ ၁၃ ■ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေး မဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်း၊ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်ခြင်းနှင့် အခြားအချက်များကြောင့်ဖြစ်ဟု NLD ကြေညာချက် ထုတ်ပြန်။ဇန်နဝါရီ ၁၄ ■ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကုလကိုယ်စားလှယ် မစ္စရန်ဟီးလီတို့ တွေ့ဆုံဆွေးနွေး။ဇန်နဝါရီ ၁၆ ■ မြန်မာ-အမေရိကန် ဒုတိယအကြိမ် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ရလဒ်အပေါ် ပူးတွဲကြေညာချက် ထုတ်ပြန်။ နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှု ပြုရာတွင် ဥပဒေပြဋ္ဌာန်းချက်များကို သတိပြုလေးစား လိုက်နာကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေညာချက် ထုတ်ပြန်။ဇန်နဝါရီ ၁၇ ■ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝင်းတွင် ပြုလုပ်သည့် ဗိုလ်ချုပ်ရာပြည့် အခမ်းအနားသို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား။ဇန်နဝါရီ ၁၈ ■ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ၊ မဟာမိတ်အဖွဲ့ဝင် ပါတီများ တွေ့ဆုံဆွေးနွေး။ဇန်နဝါရီ ၂၀ ■ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စသည့် အချက်များကို တောင်းဆိုမှုများ ရှိလာသဖြင့် လွှတ်တော်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ သမ္မတ သဝဏ်လွှာပို့။ဇန်နဝါရီ ၂၂ ■ မူလ တိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာ ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော် နာယက,က နိုင်ငံတော်သမ္မတထံ အကြောင်းပြန်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား အငြင်းပွားမှုများကို အင်အားဖြင့် မဖြေရှင်းဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ဦးတည်ဆောင်ရွက်ကြရန် နှစ်ဖက်တပ်ဖွဲ့ဝင်များအား NLD မေတ္တာရပ်ခံ။ဇန်နဝါရီ ၂၃ ■ ရန်ကုန်မြို့ရှိ ကန်တော်မင်္ဂလာ ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ရန် လွှတ်တော်ဆုံးဖြတ်။ဇန်နဝါရီ ၂၆ ■ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့ (SB) တို့ကို သမ္မတရုံးလက်အောက်ရွှေ့မည်ဆိုသည့် သတင်းမှာ အခြေအမြစ် မရှိကြောင်း သမ္မတရုံး တုံ့ပြန်။ဇန်နဝါရီ ၂၈ ■ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော် တောင်းခံ။ဇန်နဝါရီ ၃၀ ■ နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်အမျိုးသား တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်း။
-------------------------------------------------------------------------------------------------------------
ဖေဖော်ဝါရီဖေဖော်ဝါရီ ၂ ■ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးသော်လည်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်။ဖေဖော်ဝါရီ ၃ ■ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့် အတည်ပြုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်။ဖေဖော်ဝါရီ ၅ ■ ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်မည်ဆိုသည့် နားလည်မှု စာချွန်လွှာကို ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ ဆွေးနွေး။ဖေဖော်ဝါရီ ၆ ■ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီးကို သီးခြားစီ လက်ခံတွေ့ဆုံ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပေးပို့။ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် စနစ်တကျ ချိုးဖောက်ကျူးလွန် ခံနေရသဖြင့် သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်အဆို လွှတ်တော်က ပယ်ချ။ဖေဖော်ဝါရီ ၇ ■ နတ်မောက်မြို့တွင် ကျင်းပသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဖွင့်ပွဲသို့ ရဟန်းရှင်လူ ပြည်သူသောင်းနှင့်ချီ လာရောက်ဂုဏ်ပြု။ဖေဖော်ဝါရီ ၉ ■ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ NLD ဖွဲ့စည်း။ဖေဖော်ဝါရီ ၁၀ ■ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတ အတည်ပြု လက်မှတ်ထိုး။ဖေဖော်ဝါရီ ၁၂ ■ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်သွားရန် ကတိပြုချက် အစိုးရနှင့် ပြည်ထောင်စုနေ့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့အနက် လေးဖွဲ့ လက်မှတ်ရေးထိုး။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကေအိုင်အိုထုတ်ပြန်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားများနှင့် နေပြည်တော်၌ တွေ့ဆုံ။ဖေဖော်ဝါရီ ၁၃ ■ တိုင်းရင်းသားလက်နက်ကို င်အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအဝင် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားများ နိုင်ငံတစ်ဝန်းတွင် ပြုလုပ်။ဖေဖော်ဝါရီ ၁၆ ■ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့် ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အကြောင်းပြန်။ ကိုးကန့်ဒေသ၌ နိုင်ငံတော် အချုပ်အခြာအာဏာ ထိပါးခဲ့သည့် အဖွဲ့အစည်းများ၊ ထောက်ခံအားပေးသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော် ထုတ်ပြန်။ဖေဖော်ဝါရီ ၁၈ ■ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းတွင် ကလေးမွေးဖွားပြီးနောက် ၃၆ လ ခြားပြီးမှ နောက်ထပ် ကလေးမွေးခြင်းအချက် အပါအဝင် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့ တင်ပြ။ ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်ခြင်း ခံထားရသည့် ဗိုလ်မှူးကြီး စောမြင့်ဦး၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအား ထုတ်ပြန်။ လောက်ကိုင်ဒေသို့ စစ်ကူသွားသည့် တပ်မတော် စစ်ကြောင်းများအား KIA၊ TNLA နှင့် SSA (ဝမ်ဟိုင်း) အဖွဲ့တို့က ချုံခိုတိုက်ခိုက်ကြောင်း အစိုးရ သတင်းကြေညာ။ဖေဖော်ဝါရီ ၁၉ ■ လောက်ကိုင်တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာသံအမတ်ကြီးများအား သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနများက ခေါ်ယူတွေ့ဆုံ။ဖေဖော်ဝါရီ ၂၀ ■ ကိုးကန့်ဒေသဆိုင်ရာ ကော်မတီဖွဲ့ရန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တွေ့ဆုံ။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းကို ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု။ဖေဖော်ဝါရီ ၂၁ ■ လောက်ကိုင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပ။ဖေဖော်ဝါရီ ၂၄ ■ ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ ဆန္ဒမဲ ပေးခွင့်သည် ဖွဲ့စည်းပုံနှင့် မညီကြောင်း ခုံရုံးမှ ဆုံးဖြတ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သာမက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုပါ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်။ သမဝါယမ ဝန်ကြီးဌာနက တရုတ်ပို့ ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြ။ဖေဖော်ဝါရီ ၂၅ ■ လူ့အခွင့်အရေး အလွဲသုံးစားပြုမှု ရပ်တန့်ရန် မြန်မာအား လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တိုက်တွန်း။ဖေဖော်ဝါရီ ၂၇ ■ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပါအဝင် သပိတ်စစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် သပိတ်မှောက် ကျောင်းသားများ တွေ့ဆုံဆွေးနွေး။ ပီအာရ်စနစ်နှင့် ပတ်သက်သော ဥပဒေကြမ်း ရေးဆွဲခြင်း မရှိသေးသည့်အတွက် ခုံရုံးအနေဖြင့် ဥပဒေကြမ်း ပေါ်ပေါက်ပြီးမှသာ ဆုံးဖြတ်မည်ဟု ခုံရုံး ဆုံးဖြတ်။-------------------------------------------------------------------------------------------------------------
မတ်မတ် ၂ ■ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ သီးသန့် တွေ့ဆုံဆွေးနွေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်မြို့ရှိ တက္ကသိုလ် သုံးခုမှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံကာ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး။မတ် ၅ ■ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကြားနာပွဲသို့ မတက်ရောက်နိုင်သည့်အပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအား သပိတ်မှောက် ကျောင်းသားများ လာရောက် ရှင်းပြ။ အစိုးရ အနေဖြင့် စွမ်းအားရှင်များကို အသုံးပြုပြီး ကျောင်းသားများအား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး ဖြိုခွဲမှုအား လုံး၀ လက်သင့်မခံကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) နှင့် ကျောင်းသားများ ရှင်းလင်း။မတ် ၆ ■ အင်အားသုံးဖြေရှင်း ဆောင်ရွက်မှုများကို မထောက်ခံကြောင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ပြန်။ လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သည့် မြန်မာ-တရုတ် နယ်စပ် ရန်လုံကျိုင်း စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်။မတ် ၁၀ ■ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့က လက်ပံတန်းတွင် ဆန္ဒပြသူများကို အင်အားအသုံးပြု ဖြိုခွင်းခြင်းအတွက် စုံစမ်းစစ်ဆေးမှု အလျင်အမြန် ဆောင်ရွက်ရန် တောင်းဆို။ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ တရုတ် သတိပေး။မတ် ၁၁ ■ ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နှင်းမှုအပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချ။-------------------------------------------------------------------------------------------------------------
ဇူလိုင်ဇူလိုင် ၂ ■ သမ္မတ ဦးသိန်းစိန်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်နိုင်ငံ NHK သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒုတိယသက်တမ်းနှင့် ပတ်သက်၍ ပြည်သူများက ဆန္ဒရှိခဲ့လျှင် အလေးအနက်ထား စဉ်းစားမည်ဟု ပြောကြား။ဇူလိုင် ၇ ■ ကျောင်းသားများအား အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့် 7 July ၅၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ကျင်းပ။ဇူလိုင် ၈ ■ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ကြေညာ။ဇူလိုင် ၁၁ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ သူမ၏ နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး NLD ပါတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား။ဇူလိုင် ၁၃ ■ သမ္မတဦးသိန်းစိန် ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထံသို့ စာပေးပို့ခဲ့ကြောင်း Reuters သတင်းဌာန ဖော်ပြ။ဇူလိုင် ၁၉ ■ ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်း၌ ကျင်းပ။ဇူလိုင် ၃၀ ■ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပြု။-------------------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ နိုဝင်ဘာ ၁၇ ရက်က လွှတ်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
သြဂုတ်သြဂုတ် ၁ ■ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေ စာရင်းများ ကြေညာ။■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီတို့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်တဲများနှင့် အမျိုးသမီးအဆောင်များသို့ သွားရောက်၍ လုပ်ကိုင်စားသောက် နေထိုင်မှု ကိစ္စများ ကွင်းဆင်းလေ့လာ။သြဂုတ် ၈ ■ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၇ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပရာ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုများ အနိုင်ရရေး ဝန်းရံကြရန် ဆုံးဖြတ်ခဲ့။သြဂုတ် ၁၁ ■ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဖိတ်ခေါ်။သြဂုတ် ၁၂ ■ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး လေးဦးအား နိုင်ငံတော် သမ္မတရုံးက ရာထူးမှ နုတ်ထွက်ခွင့်ပြု။ ■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲကို နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများကဲ့သို့ ပါတီတစ်ခုမှ အပြတ်အသတ် အနိုင်ရမည် မဟုတ်ကြောင်း ပြောကြား။ ■ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် သြဂုတ် ၁၂ ရက် ညပိုင်းက ရဲတပ်ဖွဲ့လုံခြုံရေးများ ချထားကာ ထူးခြားသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ရာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်။ (ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးအား ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန် လွှဲပြောင်းပေးအပ်)သြဂုတ် ၁၃ ■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်း။သြဂုတ် ၁၇ ■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှု ပြောင်းလဲခြင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ရလဒ်အတိုင်း လက်ခံ အတည်ပြု၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်။သြဂုတ် ၁၈ ■ လွှတ်တော် ပုံမှန်အစည်းအဝေးများ ရပ်ဆိုင်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အရေးကြီးအဆို တင်သွင်း။သြဂုတ် ၁၉ ■ အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားကြောင်းနှင့် အရေးကြီး ကိစ္စများ ရှိပါက လွှတ်တော်ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား။သြဂုတ် ၂၅ ■ ရွေးကောက်ပွဲဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ တာဝန်မှ အငြိမ်းစားယူ။သြဂုတ် ၃၁ ■ နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ် ထိုးထားသည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ထုတ်ပြန်။-------------------------------------------------------------------------------------------------------------
စက်တင်ဘာစက်တင်ဘာ ၃ ■ တရုတ်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်သည့် နှစ် (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်။စက်တင်ဘာ ၅ ■ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းများအား ရွေးကောက်ပွဲကော်မရှင် အသီးသီးက တစ်နိုင်ငံလုံး၌ ကပ်ထားကြေညာ။စက်တင်ဘာ ၁၀ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးမှုကို ကယားပြည်နယ်တွင် ပြုလုပ်။စက်တင်ဘာ ၁၄ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ပြန်ခဲ့ရာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားရင်ကြားစေ့ရေးမူကို တစိုက်မက်မက် ကိုင်စွဲသွားမည်ဟု အမှာစကား ပြောကြား။စက်တင်ဘာ ၁၅ ■ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပ။စက်တင်ဘာ ၁၈ ■ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး ရှစ်နှစ်ပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ။စက်တင်ဘာ ၂၁ ■ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တပ်မတော် အနေဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်၌ သတင်း မီဒီယာများနှင့် တွေ့ဆုံ၍ ပြောကြား။စက်တင်ဘာ ၂၈ ရက်-၃၀ ရက် ■ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ မရေးထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေး။-------------------------------------------------------------------------------------------------------------
အောက်တိုဘာအောက်တိုဘာ ၁ ■ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို မဖျက်သိမ်းသေးဘဲ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ကို တာဝန်ပြီးဆုံးဟု သတ်မှတ်ခဲ့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် ပြောကြား။အောက်တိုဘာ ၄ ■ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ မြိုတ်မြို့သို့ လာရောက်လည်ပတ်ပြီး လေးကျွန်းဆီမီး စေတီတော်ကြီးနှင့် ရှေးဟောင်း သိမ်တော်များအား ဖူးမြော်။အောက်တိုဘာ ၅ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ။အောက်တိုဘာ ၁၅ ■ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှု စတင်။အောက်တိုဘာ ၁၉ ■ တပ်မတော်စစ်ကြောင်းများနှင့် SSA (ဝမ်ဟိုင်း) အဖွဲ့တို့ ၃၇ ကြိမ် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အသက်ဆုံးရှုံးမှုများ ရှိခဲ့ဟု တပ်မတော်က သတင်းထုတ်ပြန်။အောက်တိုဘာ ၂၀ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ၏ လက်ထောက်နှင့် မဟာဗျူဟာ ဆက်ဆံရေးနှင့် မိန့်ခွန်းရေးသားရေးဌာနမှ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံ။အောက်တိုဘာ၂၆ ■ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ (၂၇) နှစ်ပြည့် အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ။အောက်တိုဘာ ၂၈ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များအား သီတင်းကျွတ်ကန်တော့ပွဲ ဗဟိုရုံးချုပ်၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်။အောက်တိုဘာ ၂၉ ■ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံရန် အလှပြယာဉ်ဖြင့် လှည့်လည်မဲဆွယ်စည်းရုံးစဉ် ဓားဖြင့် တိုက်ခိုက်ခံရ။-------------------------------------------------------------------------------------------------------------
ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်မဲရုံ တစ်ခုတွင် မဲပေးနေသည့် ပြည်သူများအား တွေ့ရစဉ်
နိုဝင်ဘာနိုဝင်ဘာ ၁ ■ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ‘ဝ’ အထူးဒေသ ပန်ခမ်းမြို့၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ သုံးရက်ကြာ ကျင်းပ။နိုဝင်ဘာ ၅ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်ခြံဝင်းအတွင်း ရွေးကောက်ပွဲအကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်။နိုဝင်ဘာ ၆ ရက် ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မြင်းမူမြို့နယ် တိုင်းဒေသကြီး အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ယာဉ်ပေါ်တွင် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံး။နိုဝင်ဘာ ၇ ■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ နေပြည်တော်တွင် ကြိုတင်မဲပေး။နိုဝင်ဘာ ၈ ■ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပ။နိုဝင်ဘာ ၉ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ရုံးချုပ်ရှေ့တွင် လာရောက် စောင့်ဆိုင်းနေသည့် ပြည်သူများအား ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ်အနည်းငယ်ကြာ နှုတ်ခွန်းစကား ပြောကြား။နိုဝင်ဘာ ၁၁ ■ ရခိုင်ပြည်နယ် မာန်အောင်မဲဆန္ဒနယ်တွင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ရှုံးနိမ့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်နေခြင်းများသည် အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ထုတ်ပြန်။ ■ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံသို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံစာ ပေးပို့။ ■ ပြည်သူများသို့ ကျေးဇူးတင်ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်။ ■ နိုင်ငံရေးပါတီ အသီးသီးမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီက ကျေးဇူးတင် ဝမ်းမြောက်သဝဏ်လွှာ ထုတ်ပြန်။နိုဝင်ဘာ ၁၂ ရက် ■ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့အား ဖုန်းဆက်၍ ချီးကျူးစကား ပြောကြား။ ■ အမေရိကန်နိုင်ငံ သမ္မတ ဘားရက်အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဖုန်းဆက်၍ ဂုဏ်ပြုစကား ပြောကြား။ ■ ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာအော်လွန်းက ဒေါ်အောင်ဆန်းစုကြည်အား ဖုန်းဖြင့် ဆက်သွယ်ကာ ဂုဏ်ပြုစကားပြောကြား။ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ကူညီခဲ့သည့် အနုပညာရှင်များအား သူမ၏ နေအိမ်ခြံဝင်းအတွင်း တွေ့ဆုံ။နိုဝင်ဘာ ၁၅ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ။နိုဝင်ဘာ ၁၇ ■ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့နှင့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အသီးသီးရှိ ဥက္ကဋ္ဌရုံးခန်းများတွင် တွေ့ဆုံ။ ■ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ။နိုဝင်ဘာ ၁၉ ■ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တရားဝင် တွေ့ဆုံမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက် ငါးချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်။ ■ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်လွှတ်တော် အဆောက်အအုံရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် နိုင်ငံတကာ အဖွဲ့အစည်း၊ သံရုံး ၄၁ ခုမှ သံတမန်များနှင့် တွေ့ဆုံ။ ■ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှုကြောင့် သမ္မတ ဦးသိန်းစိန်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့က ဖုန်းဖြင့်ဆက်သွယ် ဂုဏ်ပြုစကား ပြောကြား။ ■ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်) သည် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံ။နိုဝင်ဘာ ၂၀ ■ (၂၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်မည့် သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံသို့ သွားရောက်။-------------------------------------------------------------------------------------------------------------
ဒီဇင်ဘာဒီဇင်ဘာ ၁ ■ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့ NLD ဗဟိုရုံးချုပ်၌ ကျင်းပ။ဒီဇင်ဘာ ၃ ■ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်၌ တရားဝင် သီးခြားစီ တွေ့ဆုံဆွေးနွေး။ဒီဇင်ဘာ ၄ ■ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရ၏ အထူးသံကိုယ်စားလှယ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လျိုကျန်းမင်းသည် နေပြည်တော်လွှတ်တော် အဆောက်အအုံရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် လာရောက်တွေ့ဆုံ။ ■ သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် တရုတ်အစိုးရ၏ အထူးသံကိုယ်စားလှယ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လျိုကျန်းမင်း သီးခြားစီ လက်ခံတွေ့ဆုံ။ ■ နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ နေအိမ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး။ဒီဇင်ဘာ ၇ ■ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် တွေ့ဆုံ။ ■ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လာရောက်တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး။ဒီဇင်ဘာ ၈ ■ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော် အတည်ပြု။ဒီဇင်ဘာ ၉ ■ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ကွယ်လွန်။ဒီဇင်ဘာ ၁၁ ■ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၎င်း၏ မဲဆန္ဒနယ် ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ။ဒီဇင်ဘာ ၁၂ ■ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေး အဖြေရှာသွားရန် သန္နိဋ္ဌာန်ပြုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထုတ်ပြန်။ဒီဇင်ဘာ ၁၃ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လှုပ်ရှားမှုအဖြစ် ကော့မှူးမြို့နယ်တွင် အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်။ဒီဇင်ဘာ ၁၆ ■ နေပြည်တော်ရှိ ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်တွင် ရွေးချယ်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအား စွမ်းရည်မြင့်သင်တန်း ပြုလုပ်ပို့ချ။ ■ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရေးဆွဲပြီးစီးသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို နိုင်ငံတော် သမ္မတအား ပေးအပ်သည့် အခမ်းအနား နေပြည်တော် MICC-2 တွင်ပြုလုပ်။ဒီဇင်ဘာ ၁၇ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များအား နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေး။ဒီဇင်ဘာ ၁၈ ■ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပရန် နိုင်ငံတော်သမ္မတရုံး ကြေညာ။ဒီဇင်ဘာ ၁၉ ■ ‘ဝ’ အထူးဒေသ(၂)အဖွဲ့အား ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပူးပေါင်းပါဝင်ရန် UPWC ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ‘ဝ’ ဒေသ ပန်ဆန်းမြို့အထိ သွားရောက်ဖိတ်ခေါ်။ဒီဇင်ဘာ ၂၁ ■ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်း။ ■ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ ပိုမိုအသုံးပြုကာ အလွန်အကျွံ တူးဖော်နေမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ အမြန်ဆုံး ရှင်းလင်းတင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက,က သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာပေးပို့။ ■ ပြည်သူ့လွှတ်တော်၌ တင်သွင်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်လည်ရုပ်သိမ်း။ဒီဇင်ဘာ ၂၂ ■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၅၃၃၃.၄၁ တောင်းခံထားပြီး ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ကျပ်သန်း ၃၆၇၀.၉၉ တောင်းခံ။ဒီဇင်ဘာ ၂၃ ■ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား MPC ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းသို့ လာရောက်တွေ့ဆုံခဲ့။









