၂၀၁၆ ခုနှစ် ပြက္ခဒိန်

Published 27 December 2015

၂၀၁၆ ခုနှစ်အတွက် အဓိက ဖြစ်ရပ်များတွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပမည့် အိုလံပစ် အားကစားပြိုင်ပွဲနှင့် UEFA ဥရောပဘောလုံး ဗိုလ်လုပွဲသည် အဓိက ဖြစ်ရပ်များ အဖြစ် လွှမ်းမိုးမည် ဖြစ်သည်။■ ဇန်နဝါရီဇန်နဝါရီ ၁ ရက်   ။   ။ နယ်သာလန် နိုင်ငံသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာ၌ တာဝန်စတင် ထမ်းဆောင်ရမည်။ဇန်နဝါရီ ၁၅ ရက် ။   ။ အနောက် အာဖရိကတွင် အီဘိုလာရောဂါပိုး ကူးစက်မှု ထပ်မတွေ့ပါက ယင်းကပ်ရောဂါ ပြီးဆုံးပြီဟု ကြေညာသွားဖွယ် ရှိသည်။ဇန်နဝါရီ ၁၅ ရက် ။   ။ ဝီကီပီဒီးယား၏ (၁၅) နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျရောက်မည်။ဇန်နဝါရီ ၁၆ ရက် ။   ။ ထိုင်ဝမ်တွင် သမ္မတ ရွေးကောက်ပွဲနှင့် ဥပဒေပြု ရွေးကောက်ပွဲများ ကျင်းပမည်။ ဗီယက်နမ်တွင် ၁၂ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ကွန်ဂရက် ကျင်းပမည်။■ ဖေဖော်ဝါရီဖေဖော်ဝါရီ ၄ ရက်   ။   ။ ဆီးရီးယား ဒုက္ခသည်များနှင့် ပတ်သက်ပြီး လန်ဒန်တွင် ဆွေးနွေးပွဲ ကျင်းပမည်။ဖေဖော်ဝါရီ ၈ ရက်   ။   ။ မျောက်နှစ်သို့ ကူးပြောင်းသည့် တရုတ် နှစ်သစ်ကူးပွဲတော် ကျင်းပမည်။ မျောက်နှစ်တွင် မွေးဖွားသူများသည် ဟာသဉာဏ်ရွှင်ပြီး စွန့်စားလိုသူများ ဖြစ်သည်ဟု ယူဆထားကြသည်။ဖေဖော်ဝါရီ ၁၂ ရက် ။   ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မက္ကဆီကိုသို့ သွားရောက်မည်။ဖေဖော်ဝါရီ ၁၈-၁၉ ရက်  ။   ။ ဥရောပသမဂ္ဂတွင် ဗြိတိန်က ဆက်လက်ပါဝင်၊ မဝင်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်။■ မတ်မတ် ၃၁  ။   ။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဝါရှင်တန် ဒီစီတွင်  နျူကလီးယား လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲ တစ်ခုကို ကျင်းပမည် ဖြစ်သည်။  နျူကလီးယား အကြမ်းဖက်မှုကို တန်ပြန်နှိမ်နင်းရန် ရည်ရွယ်ပြီး အစည်းအဝေးပွဲကို ကျင်းပရခြင်း ဖြစ်သည်။■ ဧပြီဧပြီ ၁၃ ရက် ။   ။ တောင်ကိုရီးယား နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်။ဧပြီ ၁၆ ရက် ။   ။ ကျူးဘားနိုင်ငံတွင် ကွန်မြူနစ်ပါတီ ကွန်ဂရက် ကျင်းပမည်။ဧပြီ ၂၁ ရက် ။   ။ ဗြိတိန်ဘုရင်မကြီး အလစ်ဇဘတ်၏ အသက် (၉၀) ပြည့် မွေးနေ့ကျရောက်မည်။■ မေမေ ၉ ရက် ။   ။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပမည် ။မေ ၂၆-၂၇ ရက် ။   ။ ဂျပန်နိုင်ငံက ဂျီ-၇ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပမည်။■ ဇွန်ဇွန် ၁၀ ရက် ။   ။  ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ပြင်သစ်တွင် ဇွန် ၁၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမည်။■ ဇူလိုင်ဇူလိုင် ၁ ရက် ။   ။ ဆလိုဗက်ကီးယား နိုင်ငံသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာ၌ စတင် တာဝန်ထမ်းဆောင်ရမည်။ဇူလိုင် ၄ ရက် ။   ။ ၂၀၁၁ ခုနှစ်က စတင် လွှတ်တင်လိုက်သော နာဆာ၏ Juno အာကာသယာဉ်သည် ဂျူပီတာဂြိုဟ်သို့ ဆိုက်ရောက်မည် ဖြစ်သည်။ဇူလိုင် ၁၈- ၂၁ ရက် ။   ။ ရီပက်ဘလီကင်ပါတီ ညီလာခံကို အမေရိကန် ပြည်ထောင်စု၊ ကလိလန်းမြို့တွင် ပြုလုပ်မည်။ဇူလိုင် ၂၅-၂၈ ရက် ။   ။ ဒီမိုကရက်တစ်ပါတီ ညီလာခံကို အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားမြို့၌ ပြုလုပ်မည်။■ သြဂုတ်သြဂုတ် ၅ ရက် ။   ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် အိုလံပစ်အားကစား ပြိုင်ပွဲကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်။■ စက်တင်ဘာစက်တင်ဘာ ၁၈ ရက် ။   ။ ရုရှားနိုင်ငံတွင် ပါလီမန် ရွေးကောက်ပွဲများ ပြုလုပ်မည်။■ နိုဝင်ဘာနိုဝင်ဘာ ၈ ရက် ။   ။ အမေရိကန် ပြည်ထောင်စုတွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပမည်။နိုဝင်ဘာ ၁၆ ရက်။   ။ တရုတ်နိုင်ငံတွင် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပမည် ဖြစ်သည်။■ ဒီဇင်ဘာဒီဇင်ဘာ ၄ ရက်- ၁၇ ရက်။   ။ ဇီဝမျိုးစုံ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကို မက္ကဆီကို နိုင်ငံတွင် ပြုလုပ်မည်။

Most Read

Most Recent