The Daily Eleven နှင့် Weekly Eleven News Journal တို့၏ ထုတ်ဝေသူနှင့် အယ်ဒီတာငါးဦးအား ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုသောအမှုတွင် တရားလို ဦးကျော်စိုး ရုံးချိန်းလာရောက်ရန် လေးကြိမ်ဆက်တိုက် ပျက်ကွက်၍ အမှုပယ်ဖျက်ပေးရန် လျှောက်ထားခြင်းကို ပုဗ္ဗသီရိမြို့နယ်တရ

The Daily Eleven နှင့် Weekly Eleven News Journal တို့၏ ထုတ်ဝေသူနှင့် အယ်ဒီတာငါးဦးအား ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုသောအမှုတွင် တရားလို ဦးကျော်စိုး ရုံးချိန်းလာရောက်ရန် လေးကြိမ်ဆက်တိုက် ပျက်ကွက်၍ အမှုပယ်ဖျက်ပေးရန် လျှောက်ထားခြင်းကို ပုဗ္ဗသီရိမြို့နယ်တရ
Published 27 December 2015

The Daily Eleven နှင့် Weekly Eleven News Journal တို့၏ ထုတ်ဝေသူနှင့် အယ်ဒီတာငါးဦးအား ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုသောအမှုတွင် တရားလို ဦးကျော်စိုး ရုံးချိန်းလာရောက်ရန် လေးကြိမ်ဆက်တိုက် ပျက်ကွက်၍အမှုပယ်ဖျက်ပေးရန် လျှောက်ထားခြင်းကို ပုဗ္ဗသီရိမြို့နယ်တရားသူကြီး ဦးခင်ဝင်းက ဆိုင်းငံ့The Daily Eleven နှင့် Weekly Eleven News Journal တို့၏ ထုတ်ဝေသူနှင့် အယ်ဒီတာ ငါးဦးအား ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုသောအမှုတွင်  တရားလို ဦးကျော်စိုးသည် ယခုအကြိမ် အပါအဝင်  လေးကြိမ်ဆက်တိုက် ရုံးချိန်းမလာရောက်၍ အမှုပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းက ဒီဇင်ဘာ ၂၄ ရက် ရုံးချိန်းတွင် ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အရ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တင်ပြလျှောက်ထားလွှာတွင် အမှု၏ တရားလိုဖြစ်သော ဦးကျော်စိုးအနေဖြင့် ရုံးရှေ့သို့ လာရောက်ခြင်းမရှိကြောင်း၊ ယင်းသို့ လာရောက်ခြင်းမရှိကြောင်း တင်ပြသည့် ခွင့်စာသည်လည်း အထောက်အထားခိုင်လုံမှုမရှိသော ခွင့်စာသာဖြစ်နေကြောင်း၊ ဦးကျော်စိုးသည် ယနေ့ ရုံးချိန်းသာမက ယခင်ရုံးချိန်း သုံးကြိမ်ဆက်တိုက်ကိုလည်း ရုံးတော်သို့ လာရောက်ခြင်း မရှိကြောင်းကို ထည့်သွင်းတင်ပြထားကြောင်း သိရသည်။ ထို့အတူ ယခုအမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ ရုံးတော်တွင် စစ်ဆေးနေဆဲအမှုဖြစ်ပြီး စွပ်စွဲခံရသူများကို စွဲချက်မတင်ရသေးသည့်အချိန်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အတွင်း ကျရောက်ပါသဖြင့် စွပ်စွဲခံရသူများ အား စွဲချက်မတင်မီ ပြန်လည်လွှတ်ပေးပါရန် စွပ်စွဲခံရသူ ဒေါက်တာသိန်းမြင့်၏ ရှေ့နေက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ရုံးချိန်းတွင် ထည့်သွင်းတင်ပြ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြန်ကြားရေးမှ တရားစွဲဆိုသော အမှု၏ တရားလိုဖြစ်သူ ဦးကျော်စိုးသည် ၁၂-၁၁-၂၀၁၅ ရက် ရုံးချိန်းအပါအဝင် နိုဝင်ဘာ  ၂၅ ၊ ဒီဇင်ဘာ ၁၀ နှင့် ဒီဇင်ဘာ ၂၄ ရက် ရုံးချိန်းများတွင် တရားရုံးသို့ လာရောက်ရန် ဆက်တိုက် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့သော် ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းက အမှုတွဲမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသောကြောင့် ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အရ လျှောက်ထားခြင်းအား ဆိုင်းငံ့ပါကြောင်းနှင့် ယခု တင်ပြလျှောက်ထားမှုအား မြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်ရောက်မှသာ ပြန်လည်တင်ပြ လျှောက်ထားစေလိုကြောင်း ဒီဇင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။“ဥပဒေအရ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်နိုင်သေးခင်မှာ တရားလိုဖြစ်သူဟာ အကြောင်းပြချက် မခိုင်လုံဘဲ တရားရုံးရှေ့ လာရောက်မှုကို ပျက်ကွက်လို့မရပါဘူး”ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်စိုးမိုးက ပြောကြားသည်။ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်၍ The Daily Eleven သတင်းစာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်နှင့် အမှုဆောင် အယ်ဒီတာတို့အပါအဝင် စုစုပေါင်းငါးဦးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ၂၀၁၄ ခုနှစ်အတွင်းက ပုဒ်မ ၅၀၀ ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ယင်းအမှုအား ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ပထမဆုံး ရုံးချိန်းစတင်ခဲ့ပြီး ယခုအခါတွင် တရားလိုအပါအဝင် တရားလိုပြသက်သေများအား စစ်ဆေးပြီးသည့် အဆင့်သာရှိသေးကြောင်း သိရသည်။

Most Read

Most Recent