TOYOTA ကုမ္ပဏီ၏ All New Land Cruiser 200 ကား ပြည်တွင်းဈေးကွက်တွင် စတင်မိတ်ဆက်

TOYOTA ကုမ္ပဏီ၏ All New Land Cruiser 200 ကား ပြည်တွင်းဈေးကွက်တွင် စတင်မိတ်ဆက်
Published 24 December 2015
အောင်မြတ်ကို

ဂျပန်ထိပ်တန်း ကားကုမ္ပဏီဖြစ်သော Toyota ၏ All New Land Cruiser 200 ကားကို ပြည်တွင်း ဈေးကွက်တွင် စတင်မိတ်ဆက်ကြောင်း Toyota မှ သိရသည်။
ယခုမိတ်ဆက်လိုက်သော All New Land Cruiser 200 သည် လမ်းမျက်နှာပြင် မျိုးစုံတွင် ကောင်းစွာ မောင်းနှင်နိုင်ရန် ထိန်းချုပ်ကင်မရာများ၊ LED မီးသီးသုံးဝင်ပေါက်စနစ် စသည်တို့ပါဝင်ပြီး ဇိမ်ခံနိုင်သည့် လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းထားကြောင်း သိရသည်။
SUV အမျိုးအစား ဒီဇိုင်းသစ်ဖြစ်သော New Land Cruiser 200 အား ကားအပြင်ပိုင်း အရောင် ၁၀ မျိုးကို ရွေးချယ်နိုင်ပြီး အဆိုပါ ကား၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၂၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
All New Land Cruiser 200 ကို မြန်မာနိုင်ငံ၏ Toyota တရားဝင် အရောင်းကိုယ်စားလှယ် များဖြစ်သော Toyota Aye and Sons နှင့် Toyota MINGALAR တို့၏ Toyota ကားအရောင်းပြခန်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
Toyota Aye and Sons ၏ Toyota Brand New Car Showroom and Service ကို အမှတ် ၈၇ (A)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး Toyota MINGALAR ၏ Toyota Brand New Car Showroom ကို အမှတ် ၆ ဘုရင့်နောင်လမ်း ၂ ရပ်ကွက် လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားသည်။
Toyota သည် ကမ္ဘာတစ်ဝန်းတွင် အရောင်းရဆုံး ကားကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ မော်တော်ယာဉ် အမှတ်တံဆိပ် များထဲတွင် လူသုံးအများဆုံး မော်တော်ယာဉ် အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ Toyota ၏ Land Cruiser စီးရီးများကို နှစ်ပေါင်း ၆၀ အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သုံးစွဲသူ ၇ ဒသမ ၅ သန်းကျော် ရှိကြောင်း သိရသည်။
 

Most Read

Most Recent