၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ပထမပတ်အထိ အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ဒီနှစ်ထဲမှာ အမေရိကန်ကို မြန်မာနိုင်ငံက သစ်တောထွက်ပစ္စည်း တင်ပို့မှုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပကို သစ်အလုံးလိုက် တင်ပို့မှုကတော့ ၂၀၁၄ ကတည်းက ရပ်ထားတယ်လေ။ ဒီဇင်ဘာ ပထမပတ် အထိဆိုရင် သစ်တောထွက်ပစ္စည်း တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ရထားပါတယ်။ အဓိက တင်ပို့ခဲ့တာက ကျွန်းသစ်ခွဲသားတွေ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းထားပြီး သစ်တောထွက်ပစ္စည်း တင်ပို့မှုသာ ဆက်လက် ခွင့်ပြုထားခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း တရားမဝင် သစ်ထုတ်လုပ်မှုများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် တင်ပို့မှုများ ရှိနေဆဲပင် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရေ၊ မြေ၊ ရာသီဥတု အခြေအနေအရ အဖိုးတန် သစ်မျိုးများ အပါအဝင် သစ်တောအမျိုးအစား စုံလင်စွာ ပေါက်ရောက်တည်ရှိရာ ဒေသဖြစ်သည်။ သို့သော် တရားဥပဒေစိုးမိုးမှုနှင့် စီမံအုပ်ချုပ်မှု အားနည်းခြင်း၊ မြန်မာနိုင်ငံ သစ်တောများအပေါ် တရားမဝင် ထုတ်လုပ်မှုများ မတားဆီးနိုင်ခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိခြင်းနှင့် မြောက်များစွာသော နိုင်ငံတော် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် သစ်တောများ ပြုန်းတီးခဲ့ရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သစ်အချောထည် တင်ပို့မှုမှ ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး ယခုနှစ် လေးလတာ ကာလအတွင်း သစ်အချောထည် တင်ပို့မှုမှ ဒေါ်လာသန်း ၅၀ အထိ တင်ပို့ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာ စိန်ဝင်းက ပြောကြားသည်။
“၂၀၁၄ ဧပြီ ၁ ရက်ကနေ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်အတွင်းမှာ ပို့ခဲ့တာက အမေရိကန်ဒေါ်လာ ၁၀၄ သန်းဖိုး၊ ကုန်ချောပစ္စည်း တန်ပေါင်း ကိုးသောင်းကျော် ရှိတယ်။ ပို့တဲ့ကုမ္ပဏီက ၁၀၃ ခုလောက်ရှိတယ်။ လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း သန်း ၅၀ ဖိုးလောက်အထိ တင်ပို့ထားတယ်” ဟု ဒေါက်တာစိန်ဝင်းက ပြောကြားသည်။
ယခုကဲ့သို့ သစ်အချောထည်များအား အဓိကအားဖြင့် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများကို အဓိကထားတင်ပို့ကြောင်း သိရသည်။
“အီးယူကိုပို့တာ နည်းတယ်။ တရုတ်၊ အိန္ဒိယ အရှေ့တောင်အာရှ စင်ကာပူ၊ မလေးရှားတွေကို ပို့တယ်။ တကယ်ဆိုရင် အီးယူကို ပို့နိုင်ရင် ဈေးကောင်းရတယ်။ ဒါပေမဲ့ အီးယူက ကန့်သတ်ချက်တွေ များတယ်။ ဒီကလူတွေကလည်း အနီးအနားနိုင်ငံတွေပို့ဖို့ပဲ စိတ်အားထက်သန်နေတယ်။ ဒီက အဓိကထား ပို့နေတာက အိန္ဒိယကို ပို့တာများတယ်။ ကျွန်တော်တို့ဆီက သစ်အလုံးလိုက် ဝယ်ထားတဲ့ ကုမ္ပဏီက အိန္ဒိယက များတဲ့အတွက် တင်ပို့တဲ့အခါမှာလည်း အိန္ဒိယကို တင်ပို့တာ များတာ” ဟု ဒေါက်တာစိန်ဝင်းက ဆက်လက် ရှင်းပြသည်။
ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ အမေရိကန်သို့ မြန်မာနိုင်ငံမှ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ရရှိ










