၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်သည့် လွှတ်တော်ပူးပေါင်းကော်မတီများ အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက် နောက်ဆုံးထားကာ လွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားသည်။လွှတ်တော်နာယက သူရဦးရွှေမန်းက နေပြည်တော်တွင် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်ရာ ပူးပေါင်းကော်မတီများ အနေနဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက် နောက်ဆုံးထားကာ လွှတ်တော်သို့ တင်သွင်းရန် လျာထားပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။ဆက်လက်ပြီး သူရဦးရွှေမန်းက “ဒါကြောင့် စိစစ်ရေးအဖွဲ့များ အနေဖြင့် ယခု ဒီဇင်ဘာ ၂၈ ရက်၊ ၂၉ ရက်များမှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အဖွဲ့အသီးသီးရဲ့ စိစစ်တွေ့ရှိချက်များကို ပူးပေါင်းကော်မတီသို့ အချိန်မီ ပေးပို့ကြဖို့ ဖြစ်ပါတယ်။ ဒီလို ဆိုထားသော်လည်း သက်ဆိုင်ရာ ပူးပေါင်းကော်မတီ အဖွဲ့ဝင်များအား ခရစ်စမတ် ရုံးပိတ်ရက်ကာလနဲ့ တိုက်ဆိုင်သော်လည်း သက်ဆိုင်ရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် အသီးသီးဟာ ဒီနေ့စီမံကိန်း၊ ဘတ်ဂျက်ဥပဒေကြမ်းနဲ့ အခွန်ဆိုင်ရာ ဥပဒေကြမ်းများကို ဒီကာလအတွင်းမှာလည်း လုပ်ဆောင်နေမှ အချိန်မီပြီးမယ်လို့ ကျွန်တော်အနေနဲ့ ကြားဖြတ် တင်ပြလိုပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ စိတ်ဝင်စားတဲ့ ဌာနများနဲ့ သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်တက်ရောက် ဆွေးနွေးကြဖို့ ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်” ဟု ပြောကြားသည်။ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ လွှတ်တော်သို့ တက်ရောက်ခဲ့သော်လည်း အဆိုပါ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရန် မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်ပြီး ဝန်ကြီးဌာန ၃၁ ခုမှ လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစည်းအဝေး၌ ပါရှိခဲ့သော်လည်း ရှင်းလင်းတင်ပြခြင်း မရှိသည့်အတွက် လွှတ်တော် အစည်းအဝေးသည် ၁၅ မိနစ် ဝန်းကျင်သာ ကြာမြင့်ခဲ့သည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက် နောက်ဆုံးထား၍ လွှတ်တော်သို့ တင်သွင်းရန် သူရဦးရွှေမန်း ညွှန်ကြား















