ကျောက်စိမ်း အပါအဝင် သတ္တုတွင်းထွက် ပြည်ပတင်ပို့မှုမှ ဒေါ်လာသန်း ၈၂၀ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုမှ ရငွေထက် ဒေါ်လာ ၃၁၆ သန်းကျော် လျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက် တင်ပို့မှုမှ ရငွေ စုစုပေါင်း ဒေါ်လာ ၈၂၀ ဒသမ ၆၇၃ သန်းရှိပြီး နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပမာဏ ဒေါ်လာ ၄၁၂ ဒသမ ၃၇၄ သန်းရှိပြီး ပုဂ္ဂလိက ပိုင်တင်ပို့မှုမှ ဒေါ်လာ ၄၀၈ သန်းကျော်ရှိကြောင်း သိရသည်။ယခင်နှစ် ကာလတူ တင်ပို့မှုမှ ရငွေ စုစုပေါင်းမှာမူ ဒေါ်လာ ၁၁၃၇ ဒသမ ၆၆၅ သန်းဖြစ်ပြီး နိုင်ငံပိုင် တင်ပို့မှုမှ ရငွေ ဒေါ်လာ ၈၁၇ ဒသမ ၆၄၅ သန်းရှိပြီး ပုဂ္ဂလိကပိုင် တင်ပို့မှုမှ ရငွေ ဒေါ်လာ ၃၂၀ သန်းဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ စုစုပေါင်း တင်ပို့မှုမှ ရငွေကို နှိုင်းယှဉ်ပါက ယခု ဘဏ္ဍာနှစ် တင်ပို့မှုမှ ရငွေမှာ လျော့နည်းနေပြီး အပိုင်းလိုက် တင်ပို့မှု အနေဖြင့် နိုင်ငံပိုင် တင်ပို့မှုမှ ရငွေ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။သတ္တုတွင်း ဝန်ကြီးဌာန ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီသည် မိုင်းရှူးရတနာမြေ၊ နန့်ယားဆိပ် ရတနာမြေ၊ ခန္တီးရတနာမြေနှင့် မိုးညှင်းဒေသ မော်လူးမော်ဟန် ဒေသတို့နှင့် ရတနာနယ်မြေ ပြင်ပတွင် နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီ အသင်းများကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖော်ထုတ်လုပ်ကွက် (အသစ်) လျှောက်လွှာများကို သတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်းစစ်ဆေး တိုင်းတာပြီး ခွင့်ပြုမိန့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရာတွင် လယ်ယာထွက်ကုန် ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များက အဓိက တင်ပို့မှု ပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါ ကုန်စည်များမှအပ ကျန်ရှိသည့် ကုန်စည်အုပ်စုများဖြစ်သည့် သတ္တုတွင်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချော ပစ္စည်းများကို တင်ပို့ရာတွင်မူ နိုင်ငံပိုင် တင်ပို့မှုနှင့် ပုဂ္ဂလိကပိုင် တင်ပို့မှုဟူ၍ နှစ်မျိုး ခွဲခြားထားကြောင်း သိရသည်။ကျောက်စိမ်း၊ ကျောက်မျက် စသည့် သတ္တုတွင်းထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် ကျောက်စိမ်းတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး တရုတ်ဈေးကွက်မှ ဝယ်ယူမှုများကြောင်း သိရသည်။ ပြည်ပသို့ ကျောက်စိမ်း တင်ပို့ရာတွင် အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကာ ပြည်ပနိုင်ငံများတွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲများမှ တစ်ဆင့်လည်း ဝယ်ယူမှုရှိကြောင်း သိရသည်။
ကျောက်စိမ်း အပါအဝင် သတ္တုတွင်းထွက် ပြည်ပ တင်ပို့မှုမှ ဒေါ်လာသန်း ၈၂၀ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုမှ ရငွေထက် ဒေါ်လာ ၃၁၆ သန်းကျော် လျော့နည်း










