ရန်ကုန် စတော့အိတ်ချိန်းအတွက် အရွေးချယ် ခံထားရသည့် ကုမ္ပဏီများအား လိုင်စင် ထုတ်ပေးခြင်း မရှိသေးချိန်တွင် ရှယ်ယာဈေးနှုန်းများ ထိုးတက်လာမှုနှင့် အဆိုပါ ကုမ္ပဏီများမှာ စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ အချိန်မရွေး နုတ်ထွက်သွားနိုင်သဖြင့် အစုရှယ်ယာ ဝယ်ယူထားသူမ

ရန်ကုန် စတော့အိတ်ချိန်းအတွက် အရွေးချယ် ခံထားရသည့် ကုမ္ပဏီများအား လိုင်စင် ထုတ်ပေးခြင်း မရှိသေးချိန်တွင် ရှယ်ယာဈေးနှုန်းများ ထိုးတက်လာမှုနှင့် အဆိုပါ ကုမ္ပဏီများမှာ စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ အချိန်မရွေး နုတ်ထွက်သွားနိုင်သဖြင့် အစုရှယ်ယာ ဝယ်ယူထားသူမ
Published 21 December 2015
ဖြိုးဝေ

ရန်ကုန် စတော့အိတ်ချိန်းအတွက် အရွေးချယ် ခံထားရသည့် ကုမ္ပဏီများအား လိုင်စင် ထုတ်ပေးခြင်း မရှိသေးချိန်တွင် ရှယ်ယာဈေးနှုန်းများ ထိုးတက်လာမှုနှင့် အဆိုပါ ကုမ္ပဏီများမှာ စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ အချိန်မရွေး နုတ်ထွက်သွားနိုင်သဖြင့် အစုရှယ်ယာ ဝယ်ယူထားသူများ ထိခိုက်နိုင်ကြောင်း သတိပေး
ရန်ကုန် စတော့အိတ်ချိန်းအတွက် အရွေးချယ် ခံထားရသည့် ကုမ္ပဏီများအား လိုင်စင် ထုတ်ပေးရခြင်း မရှိသေးချိန်တွင် ရှယ်ယာ ဈေးနှုန်းများ မြင့်တက်လာမှုနှင့် အဆိုပါ ကုမ္ပဏီများမှာ စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ အချိန်မရွေး နုတ်ထွက်သွားနိုင်သဖြင့် အစုရှယ်ယာ ဝယ်ယူထားသူများ ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရန် စတင်လုပ်ဆောင်သူများတွင် ပါဝင်ခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နှင့် လက်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ဒီဇင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံဘဏ်များ အသင်းတွင် ကျင်းပသည့် ရန်ကုန် စတော့အိတ်ချိန်းအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ဟောပြောပွဲတွင် ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment,First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.,Ltd.Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့သည်။အဆိုပါ ကုမ္ပဏီများအနက် ပထမ ပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာ တစ်စု၏ တန်ဖိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၉၇၀ ရှိသည်ဟု ခန့်မှန်းထားပြီး အဆိုပါ တွက်ချက်မှုမှာ ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ အသားတင်တိုးလာသည့် ကာလတန်ဖိုးများကို ထည့်တွက်မည်ဆိုပါက လက်ရှိ အစုရှယ်ယာ တန်ဖိုး၏ သုံးဆခန့် တန်ဖိုးရှိနေသည်ဟု ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ယခုနှစ် နိုဝင်ဘာလကုန်တွင် ပြုလုပ်သည့် (၂၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ပြောကြားထားသည်။လက်ရှိအချိန်တွင် Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၏ အစုရှယ်ယာများမှာ ရန်ကုန် စတော့အိတ်ချိန်းတွင် အရွေးချယ် မခံရမီက ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချထားသည့် ရှယ်ယာများမှာ ကျပ် ၄၀၀၀၀ အထိ ဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်းတွင် အရွေးချယ် ခံရပြီးနောက် ရှယ်ယာ တစ်စုလျင် ကျပ် ၅၀၀၀၀ ခန့် ပေါက်ဈေး ဖြစ်ပေါ်လာနေသည်။ထိုသို့ ဈေးများ မြင့်တက်နေခြင်းမှာ မည်သည့် အကြောင်းကြောင့် မြင့်တက်နေရသည်ကို မည်သူမျှ မသိရှိဘဲ ဖြစ်နေကြောင်းနှင့် ထိုသို့ မြင့်တက်နေမှုများသည် စတော့အိတ်ချိန်းတွင် အမှန်တကယ်သာ ရှယ်ယာများ ရောင်းချတော့မည် ဆိုပါက မည်သည့် ဈေးနှုန်းဖြင့် သတ်မှတ် ရောင်းချမည်ကိုလည်း သိရှိမှု မရှိသေးကြောင်းနှင့် ငွေကြေး ခဝါချမှုများ၊ ဈေးကွက် လက်ဝါးကြီးအုပ်မှုများ စသည့် အခြေအနေများစွာ ကျန်ရှိနေသည်ဟု စတော့အိတ်ချိန်းအကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။“စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် SECM (မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မရှင်) ပေါ့ အရေးအကြီးဆုံးပဲ။ စတော့အိတ်ချိန်းကတော့ ဂျပန်က လုပ်ပေးတဲ့အတွက် အရည်အသွေးက ပြောစရာလိုမှာ မဟုတ်ဘူး။ Security ကုမ္ပဏီ ၁၀ ခုလောက် ပေးထားတယ်။ ရှယ်ယာရောင်းမယ့် ကုမ္ပဏီက ခြောက်ခုပဲ ပေးထားတယ်။ ဒီခြောက်ခုကို ဝိုင်းလုကြမှာလား။ မြန်မာနိုင်ငံမှာက ရှယ်ယာတွေ ထုတ်ရောင်းနေတယ်။ ဒီရှယ်ယာတွေ ရောင်းတာတွေက တရားမဝင်ဘူး။ ဒီလို ထုတ်ရောင်းနေတာ အတွက်လည်း SECM က အရေးမယူဘူး။ သူတို့ ကိုယ်တိုင်က အားနည်းနေတယ်။ အများပိုင် ကုမ္ပဏီတွေက ဘာစာရင်းမှ မရှိဘူး။ စာရင်း အချက်အလက်တွေရှိဖို့ ဥပဒေအရ ထုတ်ပြဖို့လိုတယ်။ ရှယ်ယာ ဆိုတာက အတက်အကျ ကြမ်းတယ်။ အခု အခုရွေးခံရတဲ့ ကုမ္ပဏီတွေက EOI မှာ ဝင်လျှောက်ပြီး အရွေးခံရတဲ့ အဆင့်ပဲ ရှိသေးတယ်။ IPO လည်း မလုပ်နိုင်သေးဘူး။ အခြား အဆင့်တွေလည်း အများကြီး ကျန်နေသေးတယ်။ လိုင်စင်ကလည်း မရသေးဘူး။ ဒီကုမ္ပဏီတွေက အချိန်မရွေး နုတ်ထွက်သွားနိုင်တယ်။ ရန်ကုန် စတော့အိတ်ချိန်းမှာ ပါဝင်ဖို့အတွက် ဘယ်အဆင့်ပဲ ရောက်နေနေ စတော့အိတ်ချိန်းမှာ ပါဝင်ခွင့်ပြုဖို့ ငြင်းပယ်နိုင်တယ်။ ဒီလို ထွက်သွားပြီဆိုရင် ဘာမှ မတတ်နိုင်ဘူး။ ဒီလို မသေချာသေးချိန်မှာ ခင်ဗျားတို့ အနေနဲ့ ရှယ်ယာတွေ ဝယ်ထားဖို့ စဉ်းစားသင့်တယ်။ ဒီအခြေအနေက Very Wrong ပဲ” ဟု ဦးစိုးသိန်းက ဆိုသည်။ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ မြဝတီဘဏ် ရုံးချုပ်ဟောင်း နေရာတွင် ဖွင့်လှစ်ခဲ့သည်။အဆိုပါ ကုမ္ပဏီများမှ ရှယ်ယာများ စတင် ရောင်းချရန်ကိုမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန် မတ်လဆန်းမှသာ စတင် ရောင်းချသွားမည် ဖြစ်ပြီး ထိုသို့ ရန်ကုန် စတော့အိတ်ချိန်း မလည်ပတ်နိုင်သေးခင် စတော့အိတ်ချိန်းတွင် စာရင်းဝင်သည်ဆိုသည့် ကုမ္ပဏီများကို ကနဦး ကြေညာခဲ့ခြင်း၊ ထိုကုမ္ပဏီများသည် ပြည်သူများသို့ ကနဦး ရောင်းချမည့် ရှယ်ယာပုံစံများ ၊ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ကြေညာနိုင်မှု မရှိသေးခြင်း၊ ထိုသို့သော လုပ်ငန်းစဉ်များကို လုပ်ဆောင်နေမှု ရှိမရှိ မသိရသေးခြင်း စသည့် အချက်များမှာလည်း လုပ်ထုံးလုပ်နည်းအရ မှားယွင်းမှုများ ရှိနေသည်ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent