ဘတ်ဂျက်လိုငွေကို မဆလခေတ်တွင် လိုငွေ၏ ရာခိုင်နှုန်း ၈၀ ခန့် ရိုက်ထုတ်ခဲ့ပြီး နောက်ပိုင်း ကာလများ၌ လိုငွေ၏ ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၆၀ အကြား ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ကာ လက်ရှိတွင်လည်း လိုငွေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို ငွေစက္ကူ ရိုက်ထုတ်၍ ဖြေရှင်းနေဖွယ်ရှိကြောင်း သုံးသပ်
မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေကို မဆလခေတ်တွင် လိုငွေ၏ ရာခိုင်နှုန်း ၈၀ အထိ ငွေရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ပြီး မဆလခေတ် နောက်ပိုင်း ကာလများတွင် ဘတ်ဂျက်လိုငွေ၏ ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၆၀ အကြား ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ကာ လက်ရှိ အချိန်တွင်လည်း ဘတ်ဂျက်လိုငွေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို ငွေစက္ကူများ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းနေရဖွယ်ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် (ငြိမ်း) နှင့် လက်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ဒီဇင်ဘာ ၂၀ ရက်တွင် သုံးသပ်ပြောကြားသည်။မြန်မာနိုင်ငံ၏ ဘတ်ဂျက် လိုငွေများကို ယခင် အစိုးရလက်ထက်တွင် ပြည်သူများ သိရှိစေရန် ထုတ်ပြန်မှု မရှိခဲ့သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ ၂၀၁၁ ခုနှစ်တွင် တက်လာခဲ့ပြီးနောက် နှစ်စဉ် ဘတ်ဂျက်လိုငွေများကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ပြောကြားမှုများ ရှိလာခဲ့သည်။ဦးသိန်းစိန် လက်ထက်တွင် ယခင်အစိုးရ လက်ထက်မှ တာဝန်များ စတင်လွှဲပြောင်းရယူစဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျတ်လိုငွေ စုစုပေါင်းမှာ ကျပ်၂၁၅၉ ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ၁၉၅၃ ဘီလျံကျော်၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဘတ်ဂျက်လိုငွေမှာ ၂၉၂၆ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ၂၇၅၁ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကာ ဦးသိန်းစိန် နောက်ဆုံး တာဝန်ယူသည့် ယခု ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ဘီလျံ ၃၆၀၀ ကျော် ဖြစ်ပေါ်ခဲ့ရုံသာမက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၅၀၀ ကျော် ထပ်မံခွင့်ပြုခဲ့ရသဖြင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်၏ အသုံးစရိတ် လိုငွေသည် ကျန်ဘဏ္ဍာနှစ် အားလုံး၏ လိုငွေထက် ထက်ဝက်ကျော် များပြားခဲ့သော နှစ်ဖြစ်သည်။မြန်မာနိုင်ငံတွင် ငွေကြေး ရိုက်ထုတ်မှုများအဖြစ်၂၀၁၀- ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၉၀၄၆ ဒသမ ၁၉ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မူ ၂၀၁၂- ၁၃ ရိုက်ခဲ့ကြောင်း စီးပွားရေး ပညာရှင်ဖြစ်သူ ဒေါက်တာအောင်ကိုကိုက ထုတ်ပြန်ချက်များအပေါ် ကိုးကား၍ ပြောကြားထားသည်။လက်ရှိ အခြေအနေတွင်မူ ငွေစက္ကူ ရိုက်ထုတ်နေခြင်းများအား ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်နေပြီး ဘတ်ဂျက်လိုငွေကိုလည်း ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်လွန်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့် စည်းမျဉ်းဖြင့် ပြောကြားထားသည်ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးက ပြောကြားသည်။“ပုံနှိပ်စက် ကောင်းကောင်းရှိတိုင်း ငွေစက္ကူ ရိုက်ထုတ်လို့ မရပါဘူး။ ငွေကြေးကို ရိုက်ထုတ်နေတဲ့ အာဏာဟာ ဗဟိုဘဏ်မှာပဲ ရှိနေပါတယ်။ အခု ထုတ်နေတဲ့ ပုံနှိပ်စက်ကလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ထုတ်နေတာပါပဲ။ ဗဟိုဘဏ်ကဘာနဲ့ ချိတ်ထားလဲဆိုရင် သူ့မှာရှိတဲ့ ခိုင်မာတဲ့ ပစ္စည်းတစ်ခုနဲ့ပဲ ချိတ်ထားရမယ်။ ခိုင်မာတဲ့ အရာက ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား အရန်ငွေ ဖြစ်နေတယ်။ နိုင်ငံခြား အရန်ငွေကို စုနေတယ်။ စုသလောက်ပဲ ထုတ်ခွင့်ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ အစိုးရကိုလည်း ကျွန်တော်တို့ ဘာပြောထားသလဲဆိုရင် ဗဟိုဘဏ်ကနေပြီးတော့ အစိုးရ လိုငွေပြမှုသည် ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် မကျော်စေပါနဲ့ဆိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းနဲ့ အစိုးရကို ပြောထားတယ်” ဟု ဒေါက်တာဇော်ဦးက ပြောကြားသည်။
ဘတ်ဂျက်လိုငွေကို မဆလခေတ်တွင် လိုငွေ၏ ရာခိုင်နှုန်း ၈၀ ခန့် ရိုက်ထုတ်ခဲ့ပြီး နောက်ပိုင်း ကာလများ၌ လိုငွေ၏ ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၆၀ အကြား ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ကာ လက်ရှိတွင်လည်း လိုငွေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို ငွေစက္ကူ ရိုက်ထုတ်၍ ဖြေရှ










