ဒီဇင်ဘာ တတိယပတ် ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်း တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း တစ်ပတ်အတွင်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းအထံမှ စုံစမ်းသိရသည်။ဗဟိုဘဏ်၏ သတ်မှတ် ရည်ညွှန်း ငွေလဲနှုန်းသည် ဒီဇင်ဘာ တတိယပတ် ၁၄ ရက် နှင့် ၁၅ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၉၉ ကျပ် ရှိခဲ့သည်။ ၁၆ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၃၀၁ ကျပ်မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၄ ကျပ် ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်အထိ ဆက်လက် တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ဒီဇင်ဘာ ၁၄ ရက်တွင် ရောင်းဈေး တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် ဝန်းကျင်၊ ဒီဇင်ဘာ ၁၅ ရက် တွင် တစ်ဒေါ်လာလဲနှုန်း ရောင်းဈေး ၁၃၀၃ ကျပ် ဝန်းကျင်မှ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၆ ကျပ် ဝန်းကျင်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၇ ကျပ် ဝန်းကျင်အထိ တစ်ပတ်အတွင်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်ခဲ့သည်။ဒေါ်လာလဲနှုန်း မြင့်တက်လာခြင်းနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ယခင် ခွင့်ပြုပေးခဲ့သော ဘဏ်ကိုးဘဏ်အပြင် နောက်ထပ် နိုင်ငံခြားဘဏ်များ ထပ်မံ ချပေးသွားမည်ဆိုသော ထုတ်ပြန်ချက်နှင့်လည်း ပတ်သက်နိုင်ကြောင်း ထို့အတွက် ဒေါ်လာ ဝယ်စုနေကြခြင်းလည်း ဖြစ်နိုင်ကြောင်း၊ အလားတူ လာမည့် အစိုးရ လက်ထပ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက ဒေါ်လာ လိုအပ်မှု မြင့်တက်လာမည့် အနေအထားကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းလည်း ဖြစ်နိုင်ကြောင်းလည်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ယင်းကဲ့သို့ ဒေါ်လာ ဈေးနှုန်းများ မြင့်တက်လာမှုသည် ဘက်ဂျက် လိုငွေအတွက် ထပ်တောင်းသည့် ကျပ်ဘီလျံ ၂၅၀၀ ကျော်အား လွှတ်တော်က မဖြတ်တောက်ဘဲ အတည်ပြုပေးသည့်အတွက် ဒေါ်လာ ဈေးနှုန်းပေါ်တွင် ရိုက်ခတ်လာခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ရန်ကုန် စတော့အိတ်ချိန်းအား ဖွင့်လှစ်လိုက်ပြီး လာမည့် မတ်လတွင် ရှယ်ယာများ ထုတ်ရောင်းမည်ဟု ကြေညာထားသော်လည်း ရှယ်ယာများကို လိုက်လံ ဝယ်ယူမှုများ ရှိနေကြပြီ ဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် တရားမဝင် ငွေကြေးများ ဝင်ရောက်လာမှုကို ထိန်းချုပ် လာနိုင်သည့်အတွက် ငွေမဲ ရှိသူများက ဒေါ်လာများ လိုက်လံဝယ်ယူခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြား ငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီး နောက် ငါးလအကြာ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်အထိ ၁၀၅ ကျပ် မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ တတိယပတ် ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာလဲနှုန်း တိုးမြှင့်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း တစ်ပတ်အတွင်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်










