လက်ရှိ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပုံမှန်နှင့် နယ်စပ် ကုန်သွယ်မှုမှ အကောက်ခွန် ပမာဏ စုစုပေါင်း ကျပ် ၁၁၁ ဘီလျံကျော် ရရှိပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိမှု ပမာဏ ပိုများ

လက်ရှိ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပုံမှန်နှင့် နယ်စပ် ကုန်သွယ်မှုမှ အကောက်ခွန် ပမာဏ စုစုပေါင်း ကျပ် ၁၁၁ ဘီလျံကျော် ရရှိပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိမှု ပမာဏ ပိုများ
Published 20 December 2015
ချမ်းမြေ့သူ

လက်ရှိ ဘဏ္ဍာနှစ် မေလကုန်အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန် ပမာဏ စုစုပေါင်း ကျပ် ၁၁၁ ဘီလျံကျော် ရရှိပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိမှု ပမာဏ ပိုများကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်အထိ စာရင်းများအရ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိသည့် ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၉၀၄၈၂ ဒသမ ၂ သန်း (ကျပ် ၉၀ ဘီလျံ) ရှိပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိသည့် ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၀၈၂၉ ဒသမ ၇ သန်း (ကျပ် ၂၀ ဘီလျံ) ရှိကြောင်း သိရသည်။သို့ဖြစ်၍ ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုလုံးမှ ကောက်ခံရရှိသည့် ပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၁၁၃၁၁ ဒသမ ၉ သန်းကျော်ရှိကာ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိသည့် ပမာဏမှာ ပိုများကြောင်း သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပုံမှန် (ပင်လယ်ရေကြောင်း) ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ နီးပါးအထိ ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှမူ ရာခိုင်နှုန်း ၂၀ နီးပါး ကုန်သွယ်မှု ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။ပြည်ပ ကုန်သွယ်မှု ပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဂျာမနီနှင့် ဗြိတိန် စသည့်နိုင်ငံတို့ဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားဝင် ကုန်သွယ်မှုအပြင် တရားမဝင် ကုန်သွယ်မှုများလည်း ရှိနေဆဲ ဖြစ်သည့်အတွက် စစ်ဆေးဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၂ ဘီလျံကျော်ရှိပြီး နယ်စပ် ကုန်သွယ်မှုမှ ဒေါ်လာ လေးဘီလျံကျော်ရှိကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၁၇ ဘီလျံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာ ထွက်ကုန်၊ တိရစ္ဆာန် ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည် အုပ်စုများကို အဓိက တင်ပို့လျက်ရှိပြီး သွင်းကုန် တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent