ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီအချိန်က ကာရာအိုကေဆိုင်တွင် ဖြစ်ပွားခဲ့သည့် ရဲအုပ်သုံးဦးအား လူရှစ်ဦးက ဓားဖြင့်ခုတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရဲအုပ်သုံးဦးအား အရေးယူရန် ပေါ်ပေါက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။ရဲမှူးကြီး ကိုကိုအောင်က “ရဲအုပ်တွေက တာဝန်နဲ့ မဟုတ်ဘူး။ သူတို့ဘာသာသူတို့ စားကြသောက်ကြရင်းနဲ့ ရန်ဖြစ်တဲ့ သဘောပဲ။ အဲ့ဒါကြောင့် အရေးယူဖို့ ပေါ်ပေါက်ရင်တော့ ရဲအုပ်သုံးယောက်ကို အရေးယူမှာပါ” ဟု ပြောကြားသည်။လက်ရှိအချိန်တွင် ကျူးလွန်သူ ရန်နောင်စိုးနှင့် အပေါင်းအပါ ခုနစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ဆဲဖြစ်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ပျဉ်းမနား မြို့မရဲစခန်းက သိရသည်။အဆိုပါ ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက် (၁၉) လမ်းရှိ ချယ်ရီမေ ကာရာအိုကေဆိုင်သို့ ရဲအုပ်သုံးဦး ရောက်ရှိနေစဉ် ရဲအုပ်သုံးဦးအနက် ရဲအုပ်တစ်ဦးနှင့် ယခင်ကတည်းက သိကျွမ်းခဲ့သော ရန်နောင်စိုးသည် လာရောက်ကာ ‘မင်းဘာကောင်လဲ၊ ဘယ်လောက်မိုက်သလဲ’ ဟုပြောကာ ရန်နောင်စိုးက ပုလင်းဖြင့် ရိုက်မည်ပြုလုပ်စဉ် အနီးရှိ ရဲအုပ်နှစ်ဦးက ဖျန်ဖြေပေးခဲ့ရာ ရန်နောင်စိုးက စိန်ခေါ်ကာထွက်သွားပြီး ခဏအကြာ ရဲအုပ်သုံးဦးရှိသည့် ကာရာအိုကေဆိုင် အခန်းအမှတ်၂၁၄ သို့ ရန်အောင်စိုးနှင့် အမည်မသိ ခုနစ်ဦးတို့က ရောက်လာပြီး ဓားဖြင့်ခုတ်၊ သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်ခဲ့သည့် ရန်နောင်စိုးနှင့် ကျူးလွန်သူ ခုနစ်ဦးအား ပျဉ်းမနားမြို့မ ရဲစခန်းတွင် (ပ) ၅၉၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
နံနက် ၁ နာရီတွင် ကာရာအိုကေဆိုင်၌ ရဲအုပ်သုံးဦးကို လူရှစ်ဦးက ဓားဖြင့်ခုတ်မှု ဖြစ်စဉ်မှ ကျူးလွန်သူများ လွတ်မြောက်နေပြီး ရဲအုပ်သုံးဦးအား အရေးယူရန် ပေါ်ပေါက်ပါက အရေးယူမည်ဖြစ်ဟု ရဲမှူးကြီး ပြောကြား