ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၏ ကိုယ်စားလှယ် ဦးကျော်ကျော်ဌေးက NLD မဲရုံ ကိုယ်စားလှယ်များအား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မများဖြင့် စွဲဆိုထားသည့် အမှုနှစ်မှုကို ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၆ ရက်၌ စတင်စစ်ဆေးကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ တရားလိုလုပ်ကာ တိုင်ကြားထားသည့် အမှုနှစ်မှုအတွက် စတင် စစ်ဆေးခဲ့ခြင်းဖြစ်ကာ တရားလိုမှာ ခရီးလွန်နေ၍ စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် NLD ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများ၏ ကိုယ်စားလှယ်လွှဲစာများ တင်သွင်းခဲ့ကြောင်း သိရသည်။“ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲဥပဒေနဲ့ NLD မဲရုံကိုယ်စားလှယ်တွေကို စွဲဆိုထားတာ သုံးမှု ရှိပါတယ်။ ဒီနေ့ နှစ်မှုအတွက် စစ်ဆေးဖို့ ဆင့်ခေါ်ထားတာပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ တစ်မှု စစ်မှာပါ” ဟု အဆိုပါအမှုအား စစ်ဆေးမည့်သူနှင့် သတင်းပြန်ကြားရေး အရာရှိလည်းဖြစ်သူ တရားသူကြီး ဦးအောင်မျိုးညွန့်က ပြောကြားသည်။ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၏ ကိုယ်စားလှယ် ဦးကျော်ကျော်ဌေးက တရားလို ပြုလုပ်၍ ၂၀၁၅ ခုနှစ် ပြစ်မှုကြီးအမှတ် ၁၂၁၃ ဖြင့် ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက်မှ NLD မဲရုံကိုယ်စားလှယ်များဖြစ်သော ဦးသောင်းနိုင်၊ မဥမ္မာဝင်းနှင့် မအေးအေးဝင်းတို့ကို ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦး အားပေးသည်ဟု ဆိုကာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(ဂ) ဖြင့် တရားစွဲဆိုထားသော အမှုဖြစ်ကြောင်း သိရသည်။ယင်းအပြင် နောက်တစ်မှုမှာလည်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ် ဦးကျော်ကျော်ဌေးမှပင် ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား သီရိဟေမာ အရှေ့ရပ်ကွက် NLD ပါတီမှ မဲရုံကိုယ်စားလှယ် ဦးဝင်းဇော် (ခ)ဦးချိုကို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုသော် လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကိုသော် လည်းကောင်း ခြိမ်းခြောက်သည်ဟုဆိုကာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ခ)ဖြင့် လည်းကောင်း၊ ၅၉ (ဂ)ဖြင့် လည်းကောင်း ဒီဇင်ဘာ ၈ ရက်က စတင်တရားစွဲဆိုထားသော အမှုများဖြစ်ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ၃၆ မြို့နယ်တွင် ရွေးကောက်ပွဲ မတိုင်မီ ကာလ၊ ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေဖြင့် ၇၃ မှု အမှုဖွင့်ထားပြီး ပြည်ခိုင်ဖြိုး ပါတီဝင်များမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များကို အများဆုံး တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီမှ NLD မဲရုံကိုယ်စားလှယ်များအား ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲဆိုသည့် အမှုသုံးမှုအနက် နှစ်မှုကို ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင်စစ်ဆေး