မြန်မာနိုင်ငံအတွင်း တစ်လင်တစ်မယားစနစ် ဥပဒေ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်း ယင်းဥပဒေဖြင့် အိမ်ထောင်သက် နှစ် ၃၀ နီးပါးရှိ အိမ်ထောင်ရှင်များ အပါအဝင် အမှုဖွင့် အရေးယူသည့် ဖြစ်စဉ်များ အောက်တိုဘာလအတွင်း ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။
ယင်းဥပဒေဖြင့် စတင် အမှုဖွင့် အရေးယူမှုသည် အောက်တိုဘာ ၂ ရက်တွင် ပြည်မြို့နယ်၊ ပေါင်းတလည် နယ်မြေ ရဲစခန်းတွင် စတင်၍ လာရောက် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်မှာ ပြည်မြို့နယ်၊ ပေါင်းတည်မြို့ရှိ မြောင်းဆုံ ကျေးရွာနေ မ...(၂၁) နှစ်သည် ၂၀၁၂ ခုနှစ်ခန့်က အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ကလေးတစ်ဦး ရရှိခဲ့ကြောင်း၊ ၎င်းအမျိုးသားသည် စက်တင်ဘာလတွင် အလုပ်လုပ်ရန် ခရီးထွက်သွားရာမှ နေအိမ်သို့ ပြန်မလာတော့ဘဲ ပြည်မြို့၊အရှေ့ပေါက်တော ကျေးရွာတွင် နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ပြည်မြို့၊ ဆံတော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီး နေထိုင်ခဲ့ကြောင်း သိရသဖြင့် မြောင်းဆုံ ကျေးရွာနေ မ...(၂၁)မှ ရဲစခန်းတွင် လာရောက် တိုင်တန်းခဲ့သဖြင့် တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အတူ အင်းယားမြိုင်လမ်း ရွှေတောင်ကြား(၂) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်.... (၄၅)နှစ်နှင့် ယောကျ်ားဖြစ်သူ ဦး.....(၅၈)နှစ်တို့သည် ၁၉၈၆ ခုနှစ်မှစ၍ လက်ထပ် ပေါင်းသင်း နေထိုင်ခဲ့ပြီး သားသမီး သုံးဦး ထွန်းကားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါင်းသင်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဒေါ်.......(၄၅)နှစ်သည် သားသမီးများနှင့်အတူ နိုင်ငံခြားသို့ ပညာသင် သွားရောက် နေထိုင်သည့် အချိန်တွင် ခင်ပွန်းဖြစ်သူ ဦး.......(၅၈)နှစ်မှာ ရန်ကုန်တွင် နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဒေါ်.......(၄၅)နှစ်သည် ၂၀၁၁ ခုနှစ် တွင် နိုင်ငံခြားမှ ရန်ကုန်သို့ ပြန်လာခဲ့စဉ်တွင် ခင်ပွန်းဖြစ်သူ ဦး.....(၅၈) နှစ်မှာမ.........နှင့် ကမာရွတ်မြို့နယ်တွင် လင်မယားအဖြစ် ပေါင်းသင်း နေထိုင်သည်ကို စုံစမ်း သိရှိရကြောင်း၊ ယင်းသို့ စုံစမ်း သိရှိသည့် အချိန်တွင် ဒေါ်......(၄၅)နှစ်မှ ခင်ပွန်းဖြစ်သူ ဦး....... (၅၈)နှစ်အား ကွာရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်းဆိုခဲ့သော်လည်း ဦး..... (၅၈)နှစ်မှာ ကွာရှင်းမပေးသည့်အပြင် မ......နှင့် ယနေ့တိုင် ပေါင်းသင်း နေထိုင်လျက်ရှိသဖြင့် ဦး...... (၅၈)နှစ်အား အရေးယူပေးရန် ဒေါ်..... (၄၅)နှစ်မှ ကမာရွတ် မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကမာရွတ် မြို့မရဲစခန်းမှ ဦး.......(၅၈)အား (ပ)၄၂၅/၂၀၁၅ တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်တာကတော့ ကျွန်တော်တို့ ရဲစခန်းမှာ ဒီအမှုက ပထမဆုံးပါပဲ။ ဒီဥပဒေ ပုဒ်မက ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်။ နောက်ပိုင်း ဒီလို ကိစ္စတွေကို လာရောက် တိုင်တန်းခဲ့ရင်လည်း ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ပြီးတော့ ဆက်လက် စစ်ဆေး ဆောင်ရွက်သွားရမှာပါ”ဟု ကမာရွတ် မြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အလားတူ အောက်တိုဘာ ၈ ရက်တွင်လည်း ပြည်မြို့ မရဲစခန်း၌ အသက် ၂၃ နှစ် အရွယ် အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမှု ရှိခဲ့ကြောင်း သိရ သည်။
ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၌ ယခု အောက်တိုဘာလ အတွင်း၌ပင် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေဖြင့် အရေးယူမှု သုံးမှုရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်၊ စကားဝါလမ်းတွင် နေထိုင်သည့် မ........(၂၄)နှစ်သည် ခင်ပွန်းဖြစ်သူမှာ အခြား အမျိုးသမီးတစ်ဦးနှင့် လူမှုရေး ဖောက်ပြန်မှု ကျူးလွန်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်းြ မို့မရဲစခန်းမှ အောက်တိုဘာ ၇ ရက်တွင် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့် ပေးခဲ့ကြောင်း သိရသည်။
အလားတူ ကို.......(၂၉)နှစ်နှင့် မ..... (၃၂)နှစ်တို့သည် တရားဝင် လက်ထပ် ပေါင်းသင်း နေခဲ့ရာမှ အသက်(၉)နှစ်အရွယ်နှင့် သုံးလသားအရွယ် သားနှစ်ဦးတို့ ထွန်းကားချိန်တွင် ကို.....(၂၉)နှစ်သည် မ.....(၃၂)အား မပေါင်းသင်းနိုင်တော့ဘဲ နောက်အိမ်ထောင် ပြုမည် ဖြစ်ကြောင်း ပြောဆိုကာ နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ကို...... (၂၉)နှစ်မှာ နေအိမ်သို့ ပြန်မလာသဖြင့် မ... (၃၂) နှစ်မှ လိုက်လံ စုံစမ်းရာ ၎င်း၏ အမျိုးသားမှာ အခြား အမျိုးသမီးတစ်ဦးနှင့် လှိုင်သာယာမြို့နယ်၊(၆)ရပ်ကွက်ရှိ အဆောင်တစ်ခု၌ ပေါင်းသင်း နေထိုင်လျက် ရှိသည်ကို သိရ၍ လှိုင်သာယာ မြို့မ ရဲစခန်းတွင် သွားရောက် တိုင်တန်း ခဲ့သဖြင့် ရဲစခန်းမှ အောက်တိုဘာ ၈ ရက်တွင် ကို.... ၂၉ နှစ်အား တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတမှ လက်မှတ် ရေးထိုး အတည်ပြုခဲ့သည်။
ယင်း တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခံရလျှင် ခုနစ်နှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
တစ်လင်တစ်မယား စနစ်ဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေဖြင့် အိမ်ထောင်သက် နှစ် ၃၀ နီးပါးရှိ အိမ်ထောင်ရှင်များ အပါအဝင် အမှုဖွင့်သည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေ