စစ်ကိုင်း-မန္တလေး ကားလမ်းဘေးတွင် အမျိုးသမီးတစ်ဦးကို သတ်၍ အလောင်းစွန့်ပစ်မှု ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဆီးပေးရန် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အကြောင်းကြားထားကြောင်း သိရသည်။“အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ နောက်ဆုံး အတူရှိခဲ့တဲ့သူ ဖြစ်သလို အလောင်းစွန့်ပစ်ပြီးတဲ့နောက် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်လို့ သူကျူးလွန်တယ်လို့ လတ်တလော ယူဆရပါတယ်။ ဒါကြောင့် မသင်္ကာ တရားခံအဖြစ် သတ်မှတ်ထားပြီး ဖမ်းမိနိုင်ဖို့အတွက် တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့တွေဆီကို ဖမ်းဆီးပေးဖို့ အကြောင်းကြား ပေးပို့ထားပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အနေနဲ့လည်း ဖမ်းဆီးမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးရမိနိုင်ရန် အကြောင်းကြားထားခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ရာ တစ်ခုဖြစ်သော ရဲဇာနည် စာမျက်နှာတွင်လည်း သေဆုံးသူ အမျိုးသမီး မဝေမီထွန်း (၃၆ နှစ်) သည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် နေသူဖြစ်ကြောင်း သိရပြီး ဆက်လက်စိစစ် ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူမှာ မဝေမီထွန်း၏ ခင်ပွန်းဖြစ်သူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းပျော်ဘွယ်ရပ်နေ ဦးစိုးကျော်(ခ)ဦးလောက်တာ(ခ)တရုတ်ကြီး(ခ)မင်းသားကြီး(ခ)တာကော (၅၅ နှစ်)ဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်၍ အဆိုပါ ဦးစိုးကျော်၏ နေအိမ်သည် ၆၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး နောက်ကျောတိုက်ခန်းတွင် နေထိုင်သည်ဟု စုံစမ်းသိရှိရသည်။ကြိုးတုပ်ဒဏ်ရာများဖြင့် သေဆုံးနေသော ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်မပါသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး အလောင်းကို အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်း တံတားဖြူတံတား အနီးရှိ ရေစပ်တွင် လာရောက်စွန့်ပစ်မှု စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့သည်။အလောင်းကို စစ်ဆေးရာ ရေထဲမှောက်လျက် တွေ့ရှိရပြီး အပေါ်ပိုင်းတွင် အမျိုးသားဝတ် ရှပ်အင်္ကျီခဲရောင်အကွက် ဝတ်ထားသော်လည်း ခန္ဓာကိုယ်အောက်ပိုင်း စောင်ပတ်လျက်ဖြစ်ကာ တင်ပါးကျောရိုး အထက်တွင် ကနုတ်ပန်း ဆေးမင်ကြောင် ထိုးထားကြောင်း၊ ဝဲ/ယာ ခြေသလုံး၊ ပေါင်၊ တင်ပါး၊ နောက်ကျော ညိုမည်း၊ ဝဲပါး ပွန်းပဲ့၊ ဝဲ/ယာ တံကောက်ကွေး၊ ချိုင်းတို့တွင် ကြိုးတုပ်ဒဏ်ရာများ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အမျိုးသမီးတစ်ဦးကို သတ်၍ စစ်ကိုင်း-မန္တလေး ကားလမ်းနံဘေး၌ အလောင်းစွန့်ပစ်မှုကို ကျူးလွန်သူဟု ယူဆရသူမှာ တိမ်းရှောင်နေသောကြောင့် ဖမ်းဆီးပေးရန် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အကြောင်းကြားထား