ဓာတ်ပုံဆရာ အာရှကိုတေဇ၏ ဓာတ်ပုံ အနုပညာသက်တမ်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ ဓာတ်ပုံပြပွဲ ပြုလုပ်မည်

ဓာတ်ပုံဆရာ အာရှကိုတေဇ၏ ဓာတ်ပုံ အနုပညာသက်တမ်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ ဓာတ်ပုံပြပွဲ ပြုလုပ်မည်
Published 7 October 2015
သဲသီရိကျော်

ဓာတ်ပုံအာရှ ဦးကျော့၏ မြေးဖြစ်သူ အာရှကိုတေဇ၏ ဓာတ်ပုံ အနုပညာသက်တမ်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ သူနာပြု မိခင်ကြီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ ဓာတ်ပုံပြပွဲကို လာမည့် အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ နဝဒေးလမ်းရှိ Think Art Gallery ၌ သုံးရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် ပြသမည့် “ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ” ဓာတ်ပုံတချို့
“ဒီပွဲကို ကျင်းပဖို့ စီစဉ်ဖြစ်တာက ကျွန်တော်ရဲ့ ဓာတ်ပုံ အနုပညာသက်တမ်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ ကျင်းပဖို့ စီစဉ်ဖြစ်တာပါ။ဒီဓာတ်ပုံပြပွဲမှာ ဒေါ်ခင်ကြည်ရဲ့ နောက်ဆုံး ဈာပနာခရီးမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသသွားမှာပါ။ ဓာတ်ပုံတွေကိုတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အဖြူအမည်း အရောင်တွေနဲ့သာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံပြပွဲမှာ ဓာတ်ပုံရောင်းချလို့ ရသမျှ ငွေကြေးအားလုံးကိုလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာပါ။ ဘယ်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါတယ်။ ဒီပြပွဲက ဓာတ်ပုံတွေကိုလည်း ဝယ်ယူအားပေးရင်း ကျွန်တော်တို့နဲ့အတူ  အလှူဒါန ပြုလုပ်ဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ဓာတ်ပုံ အာရှကိုတေဇက ပြောကြားသည်။

အဆိုပါပွဲတွင် ပြသမည့် “ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ” ဓာတ်ပုံတချို့အဆိုပါ ဓာတ်ပုံပြပွဲတွင် ဒေါ်ခင်ကြည်၏ ဈာပန နောက်ဆုံးခရီးစဉ် ဓာတ်ပုံပေါင်း ၁၀၀ ခန့် ပြသသွားမည်ဖြစ်ပြီး ပြပွဲကျင်းပမည့် သုံးရက်အတွင်း နေ့စဉ် နံနက် ၁၀ နာရီ မှ ညနေ ၆နာရီအထိ မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။ဓာတ်ပုံ အာရှကိုတေဇမှာ ယခုနှစ်အတွင်း ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကိုလည်း ကျင်းပခဲ့ပြီး ယခု ကျင်းပမည့်  ဒေါ်ခင်ကြည် ဈာပန နောက်ဆုံးခရီးစဉ် အမှတ်တရ ဓာတ်ပုံပြပွဲမှာ ဒုတိယမြောက် ပွဲတစ်ပွဲဖြစ်သည်။                       

Most Read

Most Recent