၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မူလတန်းပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် နိုင်ငံများအနေဖြင့် မူလတန်းပြဆရာ၊ ဆရာမစုစုပေါင်း ၁၀ ဒသမ ၉ သန်း ခေါ်ယူရန် လိုအပ်ဟု ယူနက်စကို စာရင်းအင်းသိပ္ပံမှ ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။ ဆရာ၊ဆရာမများ လိုအပ်ချက်များအား အရေးတယူ မဆောင်ရွက်ပါက ပညာရေးတွင် ပဋိပက္ခဖြစ်ပွားလာနိုင်ပြီး ဆရာ၊ ဆရာမများနှင့် သင်ကြားရေးပညာရှင်များသည် စွမ်းဆောင်နိုင်ပြီး အရေအတွက် လုံလောက်စွာ ခန့်အပ်ထားရှိလျက် လေ့ကျင့်သင်ကြားပေးမှု ကောင်းမွန်ပြီး ပရော်ဖက်ရှင်နယ်အဖြစ် အရည်အချင်းပြည့်မီသူများ၊ စိတ်အားထက်သန်သူများဖြစ်စေရန်နှင့် အရင်းအမြစ်ပြည့်စုံပြီး တွင်ကျယ်လျက် အုပ်ချုပ်မှုထိရောက်သော စနစ်များအတွင်း ပံ့ပိုးမှုရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့ပညာရေးဆွေးနွေးပွဲတွင် ခေါင်းဆောင်များ ကတိကဝတ် ပြုထားခဲ့ကြောင်းသိရသည်။
အလားတူ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဖွံဖြိုးရေးအတွက် ပညာရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲတွင်လည်း အရည်အချင်းပြည့်မီသော ဆရာ၊ ဆရာမများ ပညာရေးတွင် ရင်းနှီးမြှုပ်နှံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၂၀၃၀ပြည့်နှစ် ပညာရေးအစီအစဉ်ကို ဆောင်ရွက်ရန် ကတိကဝတ်ပြုခြင်းအားဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အရည်အချင်းပြည့်မီသော ဆရာ၊ ဆရာမများ တိုးတက်ရရှိနိုင်ရေး လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများနှင့် သေးငယ်သော ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံများတွင် ဆရာ၊ဆရာမများအား လေ့ကျင့်သင်တန်းပေးရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ ဆရာ ဆရာမများ စွမ်းဆောင်နိုင်မှုရှိစေရန် သင့်တင့်ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများ၊ အရင်းအမြစ်ပြည့်စုံပြီး အန္တရာယ်ကင်းရှင်းလျက် ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းပတ်ဝန်းကျင်ကောင်းများ၊ ယုံကြည်မှု၊ ပညာရှင်နှင့် ဆီလျော်သော ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ခွင့်နှင့် ပညာရေးလွတ်လပ်ခွင့်တို့ကို ဖြည့်ဆည်းပေးရန်၊ ကမ္ဘာပေါ်ရှိ ဆရာ ဆရာမများကို တန်ဖိုးထားရန်၊ ပံ့ပိုးမှုပေးရန်နှင့် စွမ်းဆောင်နိုင်မှု မြှင့်တင်ပေးရန် ဆောင်ရွက်ကြရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကိုလည်း တိုက်တွန်းထားကြောင်း UNESCO ၊UNICEF ၊ ILO ၊Educationl Internation တို့က ပေးပို့ထားသည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာတွင်လည်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်၊ဇွန် ၂၅ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဌာန်းခဲ့ပြီးဖြစ်ပြီး ပြဋ္ဌာန်းခဲ့ပြီးသည့် ဥပဒေနှင့်အညီ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်းသင်ရိုးအသစ် ကိုပြောင်းလဲ သင်ကြားခြင်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာကဏ္ဍတွင် ဆရာ ဆရာမ လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိနေသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စုစုပေါင်း မူလတန်းပြဦးရေ ၁၁၅၀၀၀ ဦးရှိပြီး နေ့စားမှ အတည်ပြုခန့်ထားသူဦးရေ ၂၇၆၈၂ ဦးဖြစ်ကာ နေ့စားမှ အတည်ပြုခန့်ထားသူ ဦးရေပါဝင်မှုရာခိုင်နှုန်း ၂၄ ရာခိုင်နှုန်းရှိပြီး ယခု ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ မူလတန်းပြဆရာအရေအတွက် ၂၄၃၅၉ ဦး၊ အလယ်တန်းပြအရေအတွက် ၆၆၁၃ ဦးနှင့် အထက်တန်းပြအရေအတွက် ၅၄၃၁ဦးတို့ လိုအပ်လျက်ရှိပြီး အဆိုပါ ဆရာလိုအပ်ချက်များအား ဖြည့်ဆည်းခန့်အပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း မူလတန်းပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် မူလတန်းပြ ဆရာဆရာမ စုစုပေါင်း ၁၀ ဒသမ ၉ သန်းခေါ်ယူရန် လိုအပ်ဟု ယူနက်စကို ခန့်မှန်း















