မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီး ခုနစ်နှစ်၌ ညီမဖြစ်သူ ဂျက်နက်ဂျက်ဆင် အယ်လ်ဘမ်သစ် ဖြန့်ချိ

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီး ခုနစ်နှစ်၌ ညီမဖြစ်သူ ဂျက်နက်ဂျက်ဆင် အယ်လ်ဘမ်သစ် ဖြန့်ချိ
Published 4 October 2015

ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီးနောက် စတူဒီယိုနှင့် ခုနစ်နှစ်ကြာ အဆက်ပြတ်ခဲ့သည့် ဂျက်နက်ဂျက်ဆင်က အောက်တိုဘာ ၂  ရက်တွင် အယ်လ်ဘမ်သစ် ဖြန့်ချိခဲ့သည်။
 ဂျက်နက်ဂျက်ဆင်သည်၂၀၀၅ ခုနှစ်Super Bowl ဖျော်ဖြေပွဲတွင်  အဝတ်အစား များကို စုတ်ဖြဲပြီး ရင်သား ဖော်ပြခဲ့မှုကြောင့် အမေရိကန်ရှိ အသံလွှင့်ဌာနအချို့က ၎င်း၏ သီချင်းများ ထုတ်လွှင့်မှုကို ပိတ်ပင်ခဲ့သည်။ ဂျက်နက်ဂျက်ဆင်၏ ၁၁ ခုမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်သည့် Unbreakable တွင် ပါဝင်သည့် သီချင်းများသည် ဝမ်းနည်းမှု၊ စိတ်အားငယ်မှု၊ အချစ်၊ သစ္စာတရားနှင့် စာနာရိုင်းပင်းတတ်မှု အကြောင်းအရာများ ဖြစ်သည်ဟု သိရသည်။
သီချင်းအများစုသည်  ၎င်းအခက်အခဲနှင့် ကြုံတွေ့ရချိန်တွင် အကူညီပေးခဲ့သည့် မိတ်ဆွေများ အကြောင်း ဖြစ်သည်ဟု ဂျက်နက်ဂျက်ဆင်က ပြောကြားခဲ့သည်။ ဂျက်နက်သည် ၂၀၀၉ ခုနှစ်တွင် အစ်ကိုဖြစ်သူ မိုက်ကယ်ဂျက်ဆင် သေဆုံးပြီးနောက် ဂီတလောကကို စွန့်ခွာခဲ့သည်။  သူသည် ၂၀၁၁ ခုနှစ်တွင် ဂီတလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent