Miss Universe Myanmar 2015 & 2016 အလှမယ်ရွေးချယ်ပွဲပြုလုပ်

Miss Universe Myanmar 2015 & 2016 အလှမယ်ရွေးချယ်ပွဲပြုလုပ်
Published 4 October 2015

Miss Universe Myanmar ပြိုင်ပွဲဝင်အလှမယ် ၂၀ဦးထဲမှ နောက်ဆုံးအဆင့်ရွေးချယ်မှု၊Miss Universe Myanmar 2015 & 2016 အလှမယ်ရွေးချယ်ပွဲကို အောက်တိုဘာ ၃ရက်ညပိုင်းက ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ ဂန္ဓမာ Grand Ballroom တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
အဆိုပါ အလှမယ် ရွေချယ်မှုတွင် Universe Myanmar 2015 နှင် 2016 အလှမယ်နှစ်ဦးတို့ကို တပြိုင်တည်း ရွေးချယ်ခြင်းသည် လေ့ကျင့်ပြင်ဆင်ချိန် ပိုမိုရရှိရန် ယခုကဲ့သို့ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီးကို ကိုယ်စားပြုသည့် မြို့ကြီး ၁၃မြို့တွင် အသီးသီး ရွေးချယ်ထားသည် အလှမယ်များနှင့် ရန်ကုန်ကိုယ်စားပြုအလှမယ် ခုနှစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။Miss Universe Myanmar 2015 & 2016 အလှမယ်ရွေးချယ်ပွဲတွင် အစီအစဉ်တင်ဆက်သူများအဖြစ် ဆန်းထွဋ်နှင့် Miss Universe Myanmar 2013 1st Runner Up ဆုရှင် အေးချမ်းမြတ်မိုးတို့က ဆောင်ရွက်ခဲ့ကြသည်။ ထိုကဲ့သို့ အရွေးချယ်ခံခဲ့ရသော အလှမယ်များသည် ၆၄ကြိမ်မြောက် ၆၅ကြိမ်မြောက့် Miss Universeပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ Universe Myanmar 2015 & 2016အလှမယ်ရွေးချယ်ပွဲတွင် 
ဒေါက်တာ ဒေါ်မြသီတာ၊ ဒေါ်မိုးဖြူ၊ မစ္စတာဟင်နရီ၊ ဒေါ်ကလျာပြည်ဝေလျှံံ၊ ဦးသန်းလွင်ထွန်း၊ ဒေါ်စုစုစိုးညွန့်၊ ဦးရဲမြတ်သူ၊ Miss Universe Myanmar 2013 မိုးစက်ဝိုင်တို့က ဒိုင်လူကြီးမင်းများအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
 
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ လမ်းလျှောက်ကိုယ်ဟန်ပြခြင်း၊တစ်ဦးချင်းမိတ်ဆက်ခြင်း၊ရေးကူဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ညနေခင်းပွဲတက် ဝတ်စုံများဖြင့် ယှဉ်ပြိုင်ခြင်းခဲ့ကြသည်။ဖျော်ဖြေတင်ဆက်မှုများအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊မိုးမိုး၊အောင်ထက်နှင့် အဖွဲ့စသည့်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊Life & Dance အဖွဲ့ ကပြတင်ဆက်မှုများ ပါဝင်ကြောင်း သိရသည်။
 
Miss Universe Myanmar 2015 ဆုကို မေဘရဏီသော်ကလည်းကောင်း၊Miss Universe Myanmar 2016 ဆုကို ထက်ထက်ထွန်းကလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။1st Runner Up ဆုကို ဟန်လေးနှင့် 2nd Runner Up ဆုကို ချိုချိုထွန်းတို့က ရရှိခဲ့ကြသည်။

Most Read

Most Recent