၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပ ကမ္ဘာလှည့် ခရီးသည် သုံးသန်းကျော် လာရောက် လည်ပတ်ခဲ့ပြီး ယခုနှစ်တွင် ခရီးသည် ၄ ဒသမ ၅ သန်းကျော် လာရောက် လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃၀ ရက်က နေပြည်တော် MICC 2 ၌ ပြုလုပ်သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက “၂၀၁၄ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ ရှိပြီး ကမ္ဘာ့ဝန်ဆောင်မှု လုပ်ငန်းများမှ ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းရှိကာ ကမ္ဘာတစ်ဝန်းရှိ ရေနံ၊ ဓာတုဗေဒ ပစ္စည်းများနှင့် စားသောက်ကုန် လုပ်ငန်းများပြီးလျှင် စတုတ္ထမြောက် ကမ္ဘာ့ပို့ကုန်အဖြစ် ရပ်တည်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအနေနဲ့ ယခင်နှစ်က ကမ္ဘာလှည့် ခရီးသည် ၃ ဒသမ ၀၈ သန်း လာရောက်ခဲ့ပြီး ယခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ သဘာ၀ ဘေးဒဏ် ခံစား ခဲ့ရသော်လည်း ကမ္ဘာ လှည့် ခရီးသည် ၄ ဒသမ ၅ သန်း လက်ခံ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများအတွက် E Visa နှင့် Visa on Arrival စနစ်ကို အကောင်အထည် ဖော်ခြင်းဖြင့် ဗီဇာ လိုအပ်ချက် ဖြေလျှော့မှုကို ဆက်လက် ဆောင်ရွက် သင့်ကြောင်း၊ မြန်မာနိုင်ငံအား ကမ္ဘာပေါ်တွင် တိုးတက် ပေါ်ထွက်လာနေသည့် ခရီးစဉ် ဒေသအဖြစ် ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည့်အတွက် ခရီးသွား လုပ်ငန်းများအား အခွင့်အလမ်းသစ်များ ဖန်တီးပေးရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇူလိုင် ၂၈ ရက်တွင် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ လေဆိပ်မှ ဝင်ရောက်သည့် ခရီးသွားများ အတွက် Entry Visa ကင်းလွတ်ခွင့် ရရှိရေးအတွက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ပျူ ရှေးဟောင်း မြို့ သုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့များအား ကမ္ဘာ့ အမွေအနှစ်အဖြစ် စာရင်း သွင်းနိုင်ခဲ့ပြီး မွန်နှင့်ကရင် ပြည်နယ်များရှိ သဘာဝအတိုင်း ပျက်စီးမ ှုမရှိသေးသည့် ဒေသများတွင် ခရီးသွား လုပ်ငန်း မြှင့်တင်ရေးနှင့် ချင်း၊ ရခိုင်၊ တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်းများရှိ သဘာ၀ အခြေခံ ခရီးစဉ် ဒေသများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ထပ်တိုး လုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် သုံးသန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ၄ ဒသမ ၅ သန်းကျော် လာရောက် လည်ပတ်မည်ဟု မျှော်မှန်း ထားကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ပြောကြား















