ရေပူ ဆရာတော်အား စက်တင်ဘာ ၃၀ ရက်က ရုံးထုတ်ခဲ့ရာ သာသနာ ညိုနွမ်းစေမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ပြီး တရားလို ဦးဖေစိန်၏ ထွက်ဆိုချက် အချို့နှင့် ကွဲလွဲမှု ရှိနေကြောင်း သိရသည်။ ရေပူဆရာတော်နှင့် အရပ်သားလေးဦး၏ ရုံးထုတ်ကို မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး သာသနာ ညှိုနွမ်းစေမှုနှင့် ပတ်သက်၍ ဒေါ်အေးအေးခိုင်နှင့် ဦးထွန်းလွင်တို့ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။
“ဒီနေ့ လာရောက် ထွက်ဆိုတဲ့ လိုပြသက်သေ နှစ်ဦးက ရေပူဆရာတော်ကို စေတီဟောင်းတွေ ဖြိုဖျက်လို့ဆိုပြီး တရားလိုအဖြစ် တိုင်တန်းသူ ဦးဖေစိန်ရဲ့ တူ၊ တူမ တွေပါ။ ဦးဖေစိန်ကို တရားရုံးမှာ အပြန်အလှန် စစ်ဆေး မေးမြန်းတုန်းက သပိတ်ကျင်း ငလျင်ကြောင့် စေတီဟောင်းတွေ ပြိုခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်။ အခု ဒီရုံးထုတ်မှာကျ တူမဖြစ်သူ ဒေါ်အေးအေးခိုင်က ငလျင်ကြောင့် စေတီတွေ မပြိုခဲ့ဘူးလို့ ထွက်ဆိုခဲ့တဲ့အတွက် သူတို့နှစ်ဦးရဲ့ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေပါတယ်” ဟု ရေပူဆရာတော် ရုံးချိန်းသို့ အပတ်စဉ် လာရောက်သူ မိုးကုတ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးစိုးဌေးက ပြောကြားသည်။
သာသနာ ညှိုနွမ်းစေမှုနှင့် ပက်သက်၍ တရားလိုပြသက်သေ ၂၁ ဦးတင်ထားပြီး ရှစ်ဦး စစ်ဆေး ပြီးခဲ့ကြောင်း၊ သစ်စုပုံထားမှုနှင့် ပက်သက်ပြီး လိုပြသက်သေ ၁၈ ယောက် တင်ထားပြီး ကိုးဦး စစ်ဆေးပြီးခဲ့ကြောင်း သိရသည်။
“သာသနာ ညှိုးနွမ်းစေမှုနဲ့ ပတ်သက်လို့ အဓိက တရားလို ဦးဖေစိန်ရဲ့ ထွက်ဆိုချက်တွေက တိကျ သေချာမှု မရှိတဲ့အတွက် အမှုကို ခြေဖျက်ပေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်မှာ တင်လျှောက်ထားတာရှိတယ်။ ကျောက်မျက်အမှုနဲ့ ပတ်သက်လို့လည်း ရုံးပြောင်း စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်မှာ တင်ပြထားတယ်။ တိုင်း တရားလွှတ်တော်ကနေ တုံ့ပြန်မှု မရမချင်း အခုလို ရုံးထုတ်ပြီး ပုံမှန် စစ်ဆေး နေရဦးမယ်”ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေ ဒေါ်မြနီလာစိုးက ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်အား တရားမဝင် ကျောက်မျက် တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအဝင် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄ /၂၀၁၅ ပြစ်မှုပုဒ်မ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ)၆၃/ ၂၀၁၅ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၄၁ (က) (ခ) အရ လည်းကောင်း၊ သစ် စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။
ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင် ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင် ခရိုင်တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာ ညိုနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ကျောက်မျက်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၅ ရက်တွင် ရုံးထုတ် သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာ ညှိုးနွမ်းစေမှုကို အောက်တိုဘာ ၇ ရက်တွင် ထပ်မံ ရုံးထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့တောင် ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေး အိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
ရေပူ ဆရာတော် ရုံးထုတ်တွင် သာသနာ ညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ လိုပြသက်သေ နှစ်ဦးအား စစ်ဆေးခဲ့ရာ တရားလို ဦးဖေစိန်၏ ထွက်ဆိုချက် အချို့နှင့် ကွဲလွဲမှုရှိနေ















