United Nations General Assembly တွင် တက်ရောက်လျက်ရှိသည့် သရုပ်ဆောင် ချစ်သုေ၀ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် အပါအဝင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

United Nations General Assembly တွင် တက်ရောက်လျက်ရှိသည့် သရုပ်ဆောင် ချစ်သုေ၀ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် အပါအဝင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
Published 26 September 2015
လင်းလင်းခိုင်

United Nations General Assembly တွင် တက်ရောက်လျက်ရှိသည့် သရုပ်ဆောင် ချစ်သုဝေသည် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် အပါအဝင် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံလျက်ရှိကြောင်း သတင်းရရှိသည်။ သရုပ်ဆောင် ချစ်သုဝေသည် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်လျက်ရှိသော United Nations General Assembly ကို တက်ရောက်နေခြင်း ဖြစ်သည်။ ယင်းအစီအစဉ်တွင် ကမ္ဘာ့ ခေါင်းဆောင်ကြီးများနှင့် နိုင်ငံအသီးသီးမှ တက်ရောက် လာသူများ စုဝေးကာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ရေး ရည်မှန်းချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် ချစ်သုဝေသည် နိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဆပ်ပြာ အသုံးပြု၍ လက်ဆေးခြင်းသည် ကလေးသူငယ်များ အသက်ဆုံးရှုံးခြင်းကို လျှော့ချနိုင်ခြင်းကြောင့် အဆိုပါ လေ့ကျင့်ခြင်းအား ထိရောက်သော ကာကွယ်ရေး နည်းလမ်းအဖြစ် တိုးမြှင့် လုပ်ဆောင် သွားသင့်ကြောင်း အကြံပြု ပြောကြားသွားမည်ဟု သိရသည်။
UNGA Week ကို ပထမဆုံး မြန်မာကိုယ်စားပြု သံတမန်အနေနဲ့ တက်ရောက်ခွင့် ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကလေးတွေ အသက် သေဆုံးခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်မယ့် ဆပ်ပြာနဲ့ လက်ဆေးခြင်း အကြောင်းကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အားသွန်ခွန်စိုက် ပြောပြပေးသွားမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေက ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အဆုတ်ရောင် ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကြောင့် သေဆုံးနေကြတာကို မြင်တွေ့ရတဲ့အတွက် ထိရောက်စွာ ကာကွယ်ဖို့ လက် သန့်ရှင်းရေး ပညာပေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  အခုလည်း ထရီဇာ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖြစ်တာပါ။ ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု သရုပ်ဆောင် ချစ်သုဝေက ဆိုသည်။သရုပ်ဆောင် ချစ်သုဝေသည် UNGA Week တွင်(အမျိုးသမီးတစ်ယောက်၊ ကလေးငယ်တစ်ယောက်)၊ Global Citizen Festival နှင့် Unilever Hygiene and Nutrition Lunch စသည့် အခမ်းအနားများအား တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent