တရားသူကြီး လာဘ်စားမှုအား နှစ်ကြိမ်ဆန္ဒ ဖော်ထုတ်ခဲ့သည့် ကိုဖြိုးဝေကျော်အား ပထမအကြိမ် ဆန္ဒပြမှုအတွက် စက်တင်ဘာ ၁၆ ရက်တွင် ပျဉ်းမနားမြို့နယ် တရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ ဗိုလ်ချုပ် ကြေးရုပ်ရှေ့တွင် ဒက္ခိဏခရိုင် တရားသူကြီး လာဘ်စားမှုအား ကျေနပ်မှု မရှိသောကြောင့် ၂၀၁၄ ခုနှစ်၊အောက်တိုဘာ ၂၀ ရက်တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး သက်ဆိုင်ရာမှ တရားသူကြီးအား အရေးယူခြင်း မရှိသည့်အတွက် ဇူလိုင် ၂၀ ရက် တွင် ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆန္ဒ ဖော်ထုတ်ခဲ့မှုကြောင့် ပထမအကြိမ် ဆန္ဒ ဖော်ထုတ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့် ပျဉ်းမနားမြို့နယ် တရားသူကြီးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့သည့်အတွက် ရမည်းသင်း ထောင်တွင် စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ အစာအငတ်ခံ ဆန္ဒပြသွားမည် ဖြစ်ကြောင်း ကိုဖြိုး ဝေကျော်က သတင်းထောက်များအား ပြောကြားသည်။
ထို့ပြင် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ သည့်အတွက် ပျဉ်းမနားမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုဖြိုးဝေကျော်သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၌ “ဒက္ခိဏခရိုင် တရားရုံး တရားမမှုအမှတ်၅ /၂၀၁၃ အဂတိ လိုက်စားသော ခရိုင်တရားသူကြီး ဦးဌေးအောင် အလိုမရှိ။အမှုသည်နှင့် တရားသူကြီး ကြား လာဘ်ငွေ တောင်းခံပေးသော ရှေ့နေ အလိုမရှိနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်း တရားရုံးများတွင် လာဘ်ငွေတောင်းခံမှု ပပျောက်ရေး”တို့ပါဝင်သည့် ဗီနိုင်းပါ စာသားများဖြင့် ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကြေးရုပ် ရှေ့တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၂၀ ရက်တွင် “ဒက္ခိဏခရိုင်တရားရုံး၊ တရားမှု (၅/၂၀၁၃) တွင် လာဘ်ငွေ တောင်းခံမှုများ နှင့် အဂတိလိုက်စားမှုများကို သမ္မတကြီး၊ လွှတ်တော်နာယကကြီး၊ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ပြည်သူအများ သိရှိနိုင်ရန် တင်ပြခြင်း” ဗွီနိုင်းပါစာများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။
တရားသူကြီး လာဘ်စားမှုအား နှစ်ကြိမ်ဆန္ဒ ဖော်ထုတ်ခဲ့သည့် ကိုဖြိုးဝေကျော်အား ပထမအကြိမ် ဆန္ဒပြမှုအတွက် ပျဉ်းမနားမြို့နယ် တရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလချမှတ်