အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ် ဒုတိယနေ့အဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဟိုပုံးမြို့မှာ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။အဲဒီ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဟိုပုံးမြို့ရှိ ကျောက်တိုင်ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ဟောပြောပွဲမှာ ဒေသခံတစ်ဦးက သူတို့အနေနဲ့ ပြည်သူ့စစ်များ၊ အုပ်ချူပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ လက်နက်ကိုင် တပ်ဖွဲ့များကို ကြောက်နေရသလို NLD ပါတီကို ဘာသာရေးဖြင့် တိုက်ခိုက်အပုပ်ချမှုများ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD အနေနဲ့ အစိုးရဖွဲ့စည်းနိုင်ပါက ပြည်သူလူထုကို ခြိမ်းခြောက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
NLD အစိုးရဖွဲ့စည်းနိုင်ပါက ပြည်သူလူထုကို ခြိမ်းခြောက်မှာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား















