မဲဆန္ဒရှင်သက်သေခံ လက်မှတ်ဖြင့် မဲပေးမှုမှာ မဲမသမာမှုများ ဖြစ်လာနိုင်သဖြင့် အထူးစောင့်ကြည့်ရန် လိုအပ်လာကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ပြုလုပ်နေသည့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မဲပေးရာတွင် လိုအပ်သည့် မှတ်ပုံတင်နှင့် အခြားသက်သေခံ ကတ်ပြားများ ပျောက်ဆုံးသည့် ရေဘေးသင့်ဒေသမှ မဲဆန္ဒရှင်များကိုသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သြဂုတ် ၃၁ ရက်က ပြောကြားသည်။
Myanmar Network for Free and Fair Election မှ မဇင်မာဦးက “အခုနောက်ပိုင်းက အိမ်ထောင်စုစာရင်းတွေ မရှိတာတို့၊ မှတ်ပုံတင်မရှိတာတို့ရှိတယ် ဆိုပေမယ့်လို့ ထုတ်ပေးလိုက်ခြင်းအားဖြင့် အဆင်တော့ ပြေသွားတယ်ပေါ့။ အဆင်ပြေသွားတယ် ဆိုပေမယ့် အတုတွေ ဘာတွေလုပ်လို့ရတာ လွယ်တဲ့ဟာတွေ ဖြစ်တယ်ဆိုရင်လည်း ဒါက ဟိုလုပ်တော့ လုပ်လိုက်တယ်။ နောက်ပိုင်း အကျိုးဆက်တွေက ကောင်းတဲ့အကျိုးဆက်တွေ ဆိုလို့ရှိရင်လည်း ဒါက အဆင်မပြေဘူးပေါ့နော်။ အဲဒီအသုံးချမှုကို ဘယ်လောက်အထိ တိတိကျကျပေါ့။ အရေအတွက်ကို ဘယ်လိုကန့်သတ်မလဲပေါ့။ မသမာမှုတွေ မလုပ်နိုင်အောင်ပေါ့။ အခုတော့ တချို့ဟာဆိုရင် မှတ်ပုံတင်လည်းမရှိဘူး။ အိမ်ထောင်စုစာရင်းလည်း ပျောက်နေတယ်။ ရေကြီးတဲ့အတွက် ပါသွားမယ်ဆိုရင်ပေါ့။ ပါသွားတဲ့အတွက် အဲဒါလေးသာ ရှိမယ်ဆိုရင် သူတို့အနေနဲ့ မဲထည့်လို့ရမယ်ဆိုတဲ့ သဘောပေ့ါ။ အခုပြောပုံအရဆိုရင် အဲဒီလိုဆိုတော့ အဲ့ဒါတွေကိုရော ပွားလိုက်လို့ရော မရနိုင်ဘူးလားပေါ့။ ဒါမေးခွန်းထုတ်စရာ ရှိတယ်ပေါ့။ ဆိုတော့ မှတ်ပုံတင်လို အရမ်းခိုင်မာတဲ့ ဟာတောင်မှ အတုလုပ်တာတွေ ရှိတဲ့နေရာမှာဆိုတော့ အခုလိုဆိုရင် မဲလိမ်၊ မဲခိုးမှုပုံစံတွေ ပိုပြီးဖြစ်လာနိုင်စရာ မရှိနိုင်ဘူးလားဆိုပြီး ပိုပြီးတော့ ပြောစရာရှိတယ်ရှင့်” ဟု ပြောကြားသည်။
ထို့အပြင် ရွေးကောက်ပွဲအပြီး မဲရလဒ်များအတွက် စိန်ခေါ်မှုများ ရှိနိုင်သဖြင့် ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် အဆိုပါ မဲဆန္ဒရှင် သက်သေခံကတ်ပြား ထုတ်ပေးမည့် အစီအစဉ်များကိုလည်း စောင့်ကြည့်ရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် Hom Bill မှ ကိုချန်လျန်းက ပြောကြားသည်။
ကိုချန်လျန်းက “ဒါကတော့ ဟိုတစ်နေ့ကမှ ပေါ်လာတဲ့ issue တစ်ခုအနေနဲ့ ဖြစ်လာတော့ ဒါကတကယ်ကို စောင့်ကြည့်ဖို့ အရေးကြီးတယ်။ တစ်ဖက်က ဒီကျွန်တော်တို့ သဘာဝဘေးဒဏ်ရဲ့ အနေအထားအရ တစ်ဖက်ကနေ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီနေရာမှာ UEC ကဒီလိုမျိုး စီစဉ်ရာမှာ အဓိကက ဒီမှတ်ပုံတင်ကို သိပ်ပြီးတော့ အိမ်မှာဒီအတိုင်းပဲ ထားပြီးတော့ ဘယ်နားထားမိမှန်း မသိတဲ့သူတွေ ရှိတတ်တယ်။ ထိုနည်းလည်းကောင်းပဲ မှတ်ပုံတင်ပျောက်ဆုံးတဲ့ သူတွေကတော့ မှတ်ပုံတင်ရော၊ သန်းခေါင်စာရင်းရော ပျောက်တဲ့သူတွေက များတဲ့နေရာမှာ ဒီသက်သေခံကဒ်ပြားက မဲစာရင်းအပေါ်မှာ အခြေခံပြီးတော့မှ သက်သေခံကတ်ပြားက ပေးမှာကိုး။ အဲဒီတော့ ဒီဟာကတော့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ တဘက်က ကျွန်တော်တို့ သတိထားရမှာက ဒီသက်သေခံကတ်ပြား ထုတ်ပေးတာနဲ့အမျှ ပြည်သူတွေက ကော်မရှင်ရုံးမှာ သွားယူတဲ့အပိုင်းက ရတယ်။ သို့သော်လည်းပဲ ပြည်သူတွေနေ ကော်မရှင်ရုံးမှာ သွားမထုတ်ဘဲနဲ့ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်ကြတဲ့အခါမှာ ကော်မရှင်ကနေ ဝန်ထမ်းတွေ လွှတ်ပြီးတော့ အိမ်တိုင်ရာရောက် ပေးတဲ့ပုံစံမျိုး အပိုင်းမျိုး ရှိကောင်းရှိလာမယ်။ အဲဒီလို ရှိလာတဲ့အခါမှာ အဲဒီ့အပေါ်မှာ အမြတ်ထုတ်နိုင်တဲ့ အဖွဲ့အစည်းတို့ ပါတီတို့ စသဖြင့်ပေ့ါလေ ။ အဲဒီလိုဟာမျိုးက ရှိကောင်းရှိလာနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်လိုနည်းနဲ့ ပေးမယ်ဆိုတဲ့ အပိုင်းက အင်မတန်မှ အရေးကြီးတယ်” ဟု ပြောကြားသည်။
အဆိုပါ မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ထုတ်ပေးရခြင်းမှာ သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ် ပါရှိသည့်အတွက် မဲစာရင်းတွင် အမည်ရှာဖွေသည့်အခါ လျင်မြန်လွယ်ကူပြီး အချိန်ကုန်သက်သာစေရန်၊ မှတ်ပုံတင်နှင့် အခြားသက်သေခံ ကတ်ပြားများ ပျောက်ဆုံးနေသည့် မဲဆန္ဒရှင်များ မဲပေးနိုင်ရန်နှင့် အဆိုပါသက်သေခံ လက်မှတ်တွင် မဲဆန္ဒရှင်၏ အမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာတို့ ပါရှိကြောင်းနှင့် အဆိုပါအချက်များ မှားယွင်းနေပါက မဲဆန္ဒရှင်များက ပြန်၍ ပြင်ဆင်ပေးခြင်းအားဖြင့် နောက်ရွေးကောက် ပွဲများအတွက် မှန်ကန်သည့် မဲစာရင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်ဖြင့် မဲပေးမှုမှာ မဲမသမာမှုများ ဖြစ်နိုင်သဖြင့် အထူးစောင့်ကြည့်ရန် လိုအပ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများ ပြောကြား















