ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းငွေလဲနှုန်း သိသာစွာကျဆင်းမှုမရှိသဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် အမြင့်ဈေး ကျပ် ၇၆၀၀၀၀ ကျော် ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းငွေလဲနှုန်း သိသာစွာကျဆင်းမှုမရှိသဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် အမြင့်ဈေး ကျပ် ၇၆၀၀၀၀ ကျော် ဝန်းကျင်ရှိနေ
Published 4 September 2015
ချမ်းမြေ့သူ

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းငွေလဲနှုန်း သိသာစွာ ကျဆင်းမှုမရှိသဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် အမြင့်ဈေးဖြစ်သည့် ကျပ် ၇၆၀၀၀၀ ကျော်ဝန်းကျင်ဈေး၌ ဆက်လက် ရပ်တည်နေကြောင်း သိရသည်။ပြည်တွင်း ဈေးကွက်အတွင်း၌ မြန်မာငွေနှင့် ဒေါ်လာလဲနှုန်းမှာ သိသာစွာ ပြန်လည်ကျဆင်းသွားခြင်း မရှိဘဲ စက်တင်ဘာ ၄ ရက်တွင် ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းမှာ တစ်ဒါ်လာလျှင် ၁၂၇၈ ကျပ်ရှိပြီး ပြင်ပ ငွေလဲဈေးကွက်အတွင်း၌ တစ်ဒေါ်လာလဲနှုန်း ကျပ်  ၁၂၈၀ ဝန်းကျင် ရှိကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၁၁၁၇ မှ ဒေါ်လာ ၁၁၅၀ ကြား ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နေပြီး စက်တင်ဘာ ၄ ရက် (မွန်းလွဲပိုင်း) တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၁၂၅ ကျော် ဝန်းကျင်ရှိကြောင်း သိရသည်။သို့ဖြစ်၍  ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း သြဂုတ်နောက်ဆုံးပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၆၀၀၀  ရှိပြီး စက်တင်ဘာ လဆန်းတွင်လည်း အမြင့်ဈေးဖြစ်သည့် တစ်ကျပ်သား ကျပ် ၇၆၆၀၀၀ ကျော် ဝန်းကျင်၌ ဈေးဆက်လက် ဖြစ်ပေါ်နေကြောင်း သိရသည်။စက်တင်ဘာ ၄ ရက်တွင် ဈေးကွက်အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၃၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင်ရှိကြောင်း စိန်နန်းတော် စိန်ရွှေရတနာဆိုင်မှ သိရသည်။ပြည်တွင်း အခေါက်ရွှေဈေးမှာ နိုင်ငံတကာ ရွှေဈေး အတက် အကျ၊ ပြည်တွင်း၌ ဖြစ်ပေါ်သည့် ငွေလဲနှုန်း အတက်အကျနှင့် ရွှေဝယ်လိုအား ရောင်းလိုအားတို့ပေါ်တွင် ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ တစ်ပတ်နှင့်တစ်ပတ် အတက်အကျ တည်ငြိမ်မှုမရှိဘဲ ပြောင်းလဲမှု ရှိနေသောကြောင့် အခေါက်ရွှေ ဝယ်ယူသည့် ကုန်သည်များ အနေဖြင့်လည်း လိုအပ်ချက် ရှိသလောက်သာ ဝယ်ယူမှုရှိပြီး ရွှေဆိုင်များ၏ အရောင်းအဝယ် အခြေအနေမှာလည်း ဈေးအတက်အကျ ပြောင်းလဲမှု မများသည့်အချိန်နှင့် ဈေးတည်ငြိမ်မှု ရှိနေချိန်များတွင်သာ ပို၍အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြည်တွင်း အခေါက်ရွှေဈေးမှာ သြဂုတ်လအတွင်းက တစ်ကျပ်သားလျှင် ကျပ် ၇၈၀၀၀၀ ဝန်းကျင်အထိ ဈေးဖြစ်ပေါ်ခဲ့ပြီး ဈေးပြန်လည် ကျဆင်းခဲ့သော်လည်း သိသာစွာ ကျဆင်းမှုမရှိဘဲ အမြင့်ဈေး၌ပင် ဆက်လက် ရပ်တည်နေခြင်း ဖြစ်သည်။ 

Most Read

Most Recent